Connect with us

Hi, what are you looking for?

News

ဖက်ဒရယ်ပြည်​ထောင်စုတည်​ဆောက်​ရေး တိုက်ပွဲဝင်ရာတွင်KIO/KIAနှင့်အတူလက်တွဲ အစွမ်းကုန်​တော်လှန်တိုက်ခိုက်မည်ဟု CNF ​ပြော

ဖေဖော်ဝါရီ ၅ရက်တွင်ကျရောက်သည့် ကချင်တော်လှန်ရေးနေ့တွင်ကချင်တော်လှန်ရေး ခေါင်းဆောင်များ၊ တော်လှန်ရေးရဲဘော်ရဲမေများအား ဂုဏ်ယူလေးစားကြောင်းနှင့် တော်လှန်ရေးတိုက်ပွဲ၌ ကျဆုံးခဲ့သူများကိုဦးညွှတ်ဂါရ၀ ပြုကြောင်း ဖော်ပြထားသည်။

ကချင်တော်လှန်ရေးနေ့အခမ်းအနားသို့CNF နှင့်မင်းတပ် CDF သဝဏ်လွှာပို့

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၏ ယနေ့ကျရောက်သည့် ၆၁ နှစ်မြောက် ကချင်အမျိုးသားတော်လှန်ရေး နေ့သို့ချင်းအမျိုးသားတပ်ဦး(CNF)နှင့် မင်းတပ်မြို့နယ်ချင်းကာကွယ်ရေး တပ်ဖွဲ့(CDF)တို့ကသဝဏ်လွှာ ပေးပို့ခဲ့သည်။

ဖေဖော်ဝါရီ ၅ရက်တွင်ကျရောက်သည့် ကချင်တော်လှန်ရေးနေ့တွင်ကချင်တော်လှန်ရေး ခေါင်းဆောင်များ၊ တော်လှန်ရေးရဲဘော်ရဲမေများအား ဂုဏ်ယူလေးစားကြောင်းနှင့် တော်လှန်ရေးတိုက်ပွဲ၌ ကျဆုံးခဲ့သူများကိုဦးညွှတ်ဂါရ၀ ပြုကြောင်း ဖော်ပြထားသည်။

CNF နှင့်ချင်းပြည်သူများ အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်တိုက်ပွဲဝင်ရာတွင် သွေးချင်းညီနောင်ဖြစ်သည့် အားလျော်စွာ KIO/KIA ကချင်အမျိုးသားပြည်သူများနှင့်အတူလက်တွဲပြီးအစွမ်း ကုန် တော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CNF၏ သဝဏ်လွှာ၌ပါရှိသည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင် ဦးဆောင်သည့် မတရားသော စစ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံး စစ်ရေး နိုင်ငံရေး၊လူမှုရေး အကြပ်တည်းဆုံး အချိန် ကာလတွင် KIO/KIA အနေဖြင့် ပြည်သူဘက်က မားမားမတ်မတ် ရပ်တည်လျက် စစ်အာဏာရှင် စနစ်ကို ဖြုတ်ချပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပြန်လည်ရရှိရေး၊ ဖက်ဒရယ်စနစ် တည်ဆောက်ရေး အတွက် စစ်ရေး နိုင်ငံရေး တိုက်ပွဲဝင်ရာတွင် အောင်ပွဲအလီလီ ဆွတ်ခူးနိုင်ပါစေ ဟု ဆုတောင်းကာ CNF က သဝဏ်လွှာပေးပို့ခဲ့သည်။

မင်းတပ် CDF၏ သဝဏ်လွှာတွင်လည်း မတရား စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်း၍ KIO/KIA၏ ဦးဆောင်မှုဖြင့် ကချင်တစ်မျိုးသားလုံး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ပြန်လည်ရရှိပြီး ဒီမိုကရေစီရေးနှင့် အမျိုးသား တန်းတူရေးတို့တွင် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအကိုများနှင့်အတူ လက်တွဲ၍ ဖတ်ဒရယ်ပြည်ထောင်စုကို အကောင်အထည်ဖော်နိုင်ပါစေဟု ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။