Connect with us

Hi, what are you looking for?

News

မင်းအောင်လှိုင်လာမည်ကို လက်မခံကြောင်းပြသသည့်အနေဖြင့် မဲဇလီ ရဲစခန်း ကို ပွင့်ဖြူ PDF ပစ်ခတ်တိုက်ခိုက်

ပွင့်ဖြူ ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် စစ်ကောင်စီယန္တရားနှင့် မင်းလောင်လှိုင်လာမည့် ခရီးစဉ်ကို အစွမ်းကုန်တားဆီးသွားမည် ဖြစ်ပြီး စစ်ရေးအရှိန်များ ဆက်တိုက်မြှင့်တင်သွား မည်ဟု PDFက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် ပွင့်ဖြူမြို့နယ်သို့လာမည့်အပေါ် လက်မခံ ကြောင်း ပြသသည့်အနေဖြင့် ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းကို ယမန်နေ့က ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပွင့်ဖြူပြည်သူ့ ကာကွယ်ရေး တပ်(PDF)နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“ရဲစခန်းဘက်ကလည်း သေနတ်အချက်ပေါင်းများစွာ ပြန်ပစ်တယ်။ အဓိက တော့ မနက် ဖြန်လာမယ့် ခရီးစဉ်မှာ ပွင့်ဖြူမြို့နယ် ကာကွယ်ရေးအဖွဲ့က နေလက်မခံဘူးဆိုတဲ့ သဘောနဲ့ လုပ်တာပါ။ ဒီဘက်ဒေသက မထောက်ခံဘူး လာသမျှကို တက်နိုင်သလောက် နှောက်ယှက် ဟန့်တားကြမယ်ဆိုတဲ့ ပုံစံမျိုးလုပ်တာ” ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၈ရက် ည ၇နာရီ ခွဲခန့်တွင် မဲဇလီ စခန်းကို M79 ဗုံးပစ်လောင်ချာနှင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပွင့်ဖြူPDF ကလည်း ယနေ့ ထုတ်ပြန်ထားသည်။

ပွင့်ဖြူ ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် စစ်ကောင်စီယန္တရားနှင့် မင်းလောင်လှိုင်လာမည့် ခရီးစဉ်ကို အစွမ်းကုန်တားဆီးသွားမည် ဖြစ်ပြီး စစ်ရေးအရှိန်များ ဆက်တိုက်မြှင့်တင်သွား မည်ဟု PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အခြားနေရာများတွင်လည်း စစ်ရေးအရှိန်အဟုန်မြှင့်ကာ ဆက်လက်လုပ် ဆောင်စရာများ ကျန်ရှိနေသးသဖြင့် မလိုအပ်ဘဲ အပြင်မထွက်ပါရန်နှင့် စစ်ကောင်စီ ယန္တရား သက်ဆိုင်သမျှနှင့် ဝေးဝေးနေကြပါရန် ပွင့်ဖြူ PDFက သတိပေးထားသည်။

အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် ဗေဒင်ယတြာအရ ဘုရားထီးတင်ရန် ဖေဖော်ဝါရီ ၁၀ရက်တွင် ပွင့်ဖြူမြို့နယ်သို့လာရောက်မည်ဟု သိရကြောင်း ဒေသခံက ပြောသည်။

“လယ်ကိုင်းမြို့ဟောင်းအနီး သက်သာပန်းတောင်းကျေးရွာမှာ အရင် ကိုးတောင်ပြည့်စေတီကို ပြန်ငုံပြီး အင်မတန်မှ ကြီးကျယ်ခမ်းနားတဲ့ ဘုရား တန်ဆောင်းလမ်းတွေဖောက်လုပ်ပြီးကာမှ ဒီမှာ ဘုရားတည် ထီးတင်လုပ်တာ။ ဗေဒင်ယတရာ ကိန်းဂဏန်းအရ သူတို့ရဲ့ ၀စီပိတ် ဆရာတော်က မုန်းချောင်းနဲ့ မန်း ချောင်း အကြားမှာ ဘုရားတည်ရမယ် ထီးတင်ရမယ် ဆိုတဲ့ သူတို့ဆရာတော်ရဲ့ ဗေဒင်အရာ လာပြီးတော့ တည်တာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ထီးတင်ပွဲလုပ်ရန်ရှိ၍ ဖေဖော်ဝါရီ ၇ရက်မှစ၍ စစ်ကောင်စီတပ်က အင်အားအများ အပြားဖြင့် အဆိုပါဒေသသို့ လုံခြုံရေးများ ချထားရာ ပြည်သူလူထုများ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့နေကြကြောင်း၊ ဒေသတွင်းရှိ ကျေးရွာများ၌ တပ်စွဲကာ စစ်ဆေးမှုများ၊ ဧည့်စာရင်းစစ်ခြင်းများ တင်းကြပ်စွာ လုပ်ဆောင်နေကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook