Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းအောင်လှိုင်လာမည်ကို လက်မခံကြောင်းပြသသည့်အနေဖြင့် မဲဇလီ ရဲစခန်း ကို ပွင့်ဖြူ PDF ပစ်ခတ်တိုက်ခိုက်

ပွင့်ဖြူ ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် စစ်ကောင်စီယန္တရားနှင့် မင်းလောင်လှိုင်လာမည့် ခရီးစဉ်ကို အစွမ်းကုန်တားဆီးသွားမည် ဖြစ်ပြီး စစ်ရေးအရှိန်များ ဆက်တိုက်မြှင့်တင်သွား မည်ဟု PDFက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် ပွင့်ဖြူမြို့နယ်သို့လာမည့်အပေါ် လက်မခံ ကြောင်း ပြသသည့်အနေဖြင့် ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းကို ယမန်နေ့က ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပွင့်ဖြူပြည်သူ့ ကာကွယ်ရေး တပ်(PDF)နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“ရဲစခန်းဘက်ကလည်း သေနတ်အချက်ပေါင်းများစွာ ပြန်ပစ်တယ်။ အဓိက တော့ မနက် ဖြန်လာမယ့် ခရီးစဉ်မှာ ပွင့်ဖြူမြို့နယ် ကာကွယ်ရေးအဖွဲ့က နေလက်မခံဘူးဆိုတဲ့ သဘောနဲ့ လုပ်တာပါ။ ဒီဘက်ဒေသက မထောက်ခံဘူး လာသမျှကို တက်နိုင်သလောက် နှောက်ယှက် ဟန့်တားကြမယ်ဆိုတဲ့ ပုံစံမျိုးလုပ်တာ” ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၈ရက် ည ၇နာရီ ခွဲခန့်တွင် မဲဇလီ စခန်းကို M79 ဗုံးပစ်လောင်ချာနှင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပွင့်ဖြူPDF ကလည်း ယနေ့ ထုတ်ပြန်ထားသည်။

ပွင့်ဖြူ ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် စစ်ကောင်စီယန္တရားနှင့် မင်းလောင်လှိုင်လာမည့် ခရီးစဉ်ကို အစွမ်းကုန်တားဆီးသွားမည် ဖြစ်ပြီး စစ်ရေးအရှိန်များ ဆက်တိုက်မြှင့်တင်သွား မည်ဟု PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အခြားနေရာများတွင်လည်း စစ်ရေးအရှိန်အဟုန်မြှင့်ကာ ဆက်လက်လုပ် ဆောင်စရာများ ကျန်ရှိနေသးသဖြင့် မလိုအပ်ဘဲ အပြင်မထွက်ပါရန်နှင့် စစ်ကောင်စီ ယန္တရား သက်ဆိုင်သမျှနှင့် ဝေးဝေးနေကြပါရန် ပွင့်ဖြူ PDFက သတိပေးထားသည်။

အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် ဗေဒင်ယတြာအရ ဘုရားထီးတင်ရန် ဖေဖော်ဝါရီ ၁၀ရက်တွင် ပွင့်ဖြူမြို့နယ်သို့လာရောက်မည်ဟု သိရကြောင်း ဒေသခံက ပြောသည်။

“လယ်ကိုင်းမြို့ဟောင်းအနီး သက်သာပန်းတောင်းကျေးရွာမှာ အရင် ကိုးတောင်ပြည့်စေတီကို ပြန်ငုံပြီး အင်မတန်မှ ကြီးကျယ်ခမ်းနားတဲ့ ဘုရား တန်ဆောင်းလမ်းတွေဖောက်လုပ်ပြီးကာမှ ဒီမှာ ဘုရားတည် ထီးတင်လုပ်တာ။ ဗေဒင်ယတရာ ကိန်းဂဏန်းအရ သူတို့ရဲ့ ၀စီပိတ် ဆရာတော်က မုန်းချောင်းနဲ့ မန်း ချောင်း အကြားမှာ ဘုရားတည်ရမယ် ထီးတင်ရမယ် ဆိုတဲ့ သူတို့ဆရာတော်ရဲ့ ဗေဒင်အရာ လာပြီးတော့ တည်တာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ထီးတင်ပွဲလုပ်ရန်ရှိ၍ ဖေဖော်ဝါရီ ၇ရက်မှစ၍ စစ်ကောင်စီတပ်က အင်အားအများ အပြားဖြင့် အဆိုပါဒေသသို့ လုံခြုံရေးများ ချထားရာ ပြည်သူလူထုများ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့နေကြကြောင်း၊ ဒေသတွင်းရှိ ကျေးရွာများ၌ တပ်စွဲကာ စစ်ဆေးမှုများ၊ ဧည့်စာရင်းစစ်ခြင်းများ တင်းကြပ်စွာ လုပ်ဆောင်နေကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။