Connect with us

Hi, what are you looking for?

News

ဂန့်​ဂေါနယ်တွင် နှစ်ရက်ဆက်တိုက်ပွဲ ပျူနှင့် စစ်​ကောင်စီတပ်သား ငါဦးထက်မနည်း​သေ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်၌ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး အဖွဲ့ကို နှစ်ရက်ဆက်ခုံခံတိုက်ခိုက်ရာ ငါးဦးထက်မနည်းသေဆုံးခဲ့သည်ဟု PDF-GanGaw က ယနေ့ (ဖေဖော်ဝါရီ ၉)တွင် ထုတ်ပြန်သည်။

(အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်အတွင်း အသုံးပြုခဲ့သည့် လက်နက်ကြီးကျည်​ကြောင့် ပျက်စီးခဲ့ရသည့် ​ဒေသခံပြည်သူ၏ နေအိမ်ကို ​တွေ့ရစဥ်)

တိုက်ပွဲ(၁)

ဖေဖော်ဝါရီ၇ ရက် မွန်းလွဲပိုင်းတွင် မြစ်သာမြစ်တစ်ဖက်ကမ်းသို့တက်လာသော စစ်ကောင်စီ တပ်သားများ၊ရဲများနှင့် ဟံသာဝတီ၊ကုက္ကားနှင့် မြောက်ခင်ရန်းရွာမှ ပျူစောထီးများကို ခုခံရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးငါးဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

(အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်အတွင်း အသုံးပြုခဲ့သည့် လက်နက်ကြီးကျည်​ကြောင့် ပျက်စီးခဲ့ရသည့် ​ဒေသခံပြည်သူ၏ နေအိမ်ကို ​တွေ့ရစဥ်)

တိုက်ပွဲ(၂)

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၈ရက်တွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအဖွဲ့က အင်အားဖြန့်ကာမြစ်ရှေ့ဖက်ကမ်းရှိစမ်းမြို့ရွာသို့ထပ်မံ ထိုးစစ်ဆင်ခဲ့သည်။

စမ်းမြို့ရွာ မြောက်ဖက်မှလည်း ကျောက်ပြုတ်ရွာမှ အကြမ်းဖက်စစ်တပ်နှင့် ပျူဟောထီးများကလည်း ထိုးစစ်ဆင်ခဲ့သည်။

ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်တော်လှန် ရေးအင်အားစုတို့ ပူးပေါင်း၍ ညာသံပေးကာခုခံတိုက်ခိုက်ရင်းတိုက်ပွဲပြင်းထန်ခဲ့သည်ဟု PDF GanGawက ပြောသည်။

ယမန်နေ့ ညနေ ၄နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား နှင့် ပျူစောထီးအဖွဲ့ဝင်များကို Forlandကားနှစ်စီးဖြင့်လာရောက် ခေါ်ဆောင်ကာဆုတ်ခွာ ထွက်ပြေးသွားခဲ့ရသည်။

Public Service Announcement

ထိုတိုက်ပွဲအတွင်း စကစနှင့်ပျူစောထီးများ၏ ထိခိုက်ကျဆုံးစာရင်းကို အတည်မပြုနိုင်သေးပေ။

“မနေ့က သူတို့ ထွက်ပြေးတာ ကျည်ဘောက်တွေပါကျခဲ့လို့ မြေပြင် ရဲဘော်တွေသိမ်းဆည်းရမိခဲ့တယ်။နောက်ပြီး ပျူတစ်ကောင်ကိုလက် နက်အပြည့်အစုံနဲ့ ဖမ်းမိထားပါတယ်”ဟု ဂန့်ဂေါ ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထိတွေ့မှုနှစ်ရက်အတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများအသုံးပြု ပစ်ခတ်ခဲ့သော်လည်း ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် အာဏာရှင်တော်လှန်ရေးတပ်ပေါင်းစုများမှရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။