ကျပ်သိန်း သုံးရာကျော်တန်ဖိုးရှိပြီး လေယာဉ်နှင့် တင့်ကားတို့ကို ဖောက်ထွင်းနိုင်သော စွမ်းရည်မြင့်သေနတ်တစ်လက်ကို ဝယ်ယူထားပြီး ကုန်ကျစရိတ်အတွက် ပြည်သူလူထုထံမှ အလှူငွေလိုအပ်နေကြောင်း ဒီမောဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
RUGER PRECISION RIFLE ဟု ခေါ်သော တာဝေးပစ်သေနတ် တစ်လက်ကို ဝယ်ယူလိုက်ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF) တပ်ရင်း-Aက ယနေ့(ဖေဖော်ဝါရီ ၉)တွင်ထုတ်ပြန်သည်။ သို့သော် ကုန်ကျစရိတ်အားလုံး မပေးချေရသေး၍ ပြည်သူများက တတ်နိုင်သ၍ ထောက်ပံ့ပေးရန် DMO PDF တပ်ရင်း – A က မေတ္တာရပ်ခံထားသည်။

“ မပြေလည်မှုပေါင်းစုံကြားက ကျွန်တော်တို့သည် ခင်မင်မှုနှင့် ခွန်အားကို အသုံးပြုပြီး ယင်းလက်နက်ကို တပ်တွင်းထဲထိယူဆောင်လာနိုင်ခဲ့ပါပြီ။ သို့ပေမဲ့သေနတ်၏ကုန်ကျ
စရိတ်ကို အားလုံးမပေးချေ ရသေးပေ။ ထို့ကြောင့် ၎င်း RUGER PRECISION RIFLE သေနတ်၏ ကုန်ကျငွေကို ပြည်တွင်းပြည်ပ အလှူရှင်များအား ကျပ်ငွေ တစ်ထောင်၊နှစ်ထောင်ကအစ လှူဒါန်းပေးကြဖို့ အထူးမေတ္တာရပ်ခံအပ်ပါသည်” ဟု ထုတ်ပြန်ထားသည်။


တော်လှန်ရေးအတွက် ရင်းနှီးမြုပ်နှံလိုက်ပါပြီဟုလည်း လူထုအား အသိပေးသည်။သေနတ်၏ကုန်ကျစရိတ်မှာကျပ် ၃၆၇ သိန်း ဖြစ်ပြီး ယင်းသေနတ်၏ကျည် တစ်ထောင့်တန်ဖိုးမှာကျပ်ငါးသောင်းခွဲ (၅၅၀၀၀ )ဖြစ်သည်ဟုလည်း ရှင်းပြထားသည်။

Public Service Announcement
လေယာဉ်နှင့် တင့်ကားတို့ကို ဖောက်ထွင်းနိုင်သော ပြင်းအားရှိသည့် RUGER PRECISION RIFLE သည် အမေရိကန်နိုင်ငံထုတ်ဖြစ်ပြီး နိုင်ငံတကာလက်နက်ဈေးကွက်တွင် နာမည်ကြီးသည်။
လက်နက်နှင့်ပတ်သပ်၍ပညာပေးရေးသားနေသောTatical Arm Reviews ဖေစ်ဘွခ်စာမျက်နှာကမူ အဆိုပါရိုင်ဖယ်နှင့်ပတ်သပ်၍ “ ” လက်ရှိ hot နေတဲ့ ၃၃၈ LP (၃၃၈သိန်း) MAG ကျည်က တာဝေးပစ်လက်ဖြောင့်ကျည်အဖြစ်တော့ အရမ်းကောင်းပါတယ်။ Psi 60000 ကျော်ရှိပြီး 950m/s ဝန်းကျင် ရှိတက်ကြပါတယ်။ မီတာ ၁၀၀၀ က စစ်သုံးကျည်ကာကို ဖောက်နိုင်ပြီး လက်ကောင်းရင် မီတာ ၁၇၀၀ လောက်သုံးနိုင်ပါတယ်” ဟုသုံးသပ်ရေးသားထားသည်။
















































