Connect with us

Hi, what are you looking for?

LuduNwayOo

News

ပိုမိုထိရောက်သော အကူအညီများပေးရေး နည်းလမ်းသစ်များရှာမည်ဟု ချက်နိုင်ငံခြားရေး ဝန်ကြီးပြော

ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးသည် NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း၊ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်တို့ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် နိုင်ငံခြားရေးရုံး Černín Palace ၌ လက်ခံတွေ့ဆုံခဲ့ရာ ယင်းသို့ ထည့်သွင်းပြောကြား ခြင်းဖြစ်သည်။

ပိုမိုထိရောက်သော အကူအညီများပေးရေး နည်းလမ်းသစ်များကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နှင့်အတူ ရှာဖွေလုပ်ဆောင်မည်ဟု ချက်သမ္မတ နိုင်ငံနိုင်ငံခြားရေးဝန်ကြီး Mr. Jan Lipavský က ပြောသည်။

ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးသည် NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း၊ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်တို့ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် နိုင်ငံခြားရေးရုံး Černín Palace ၌ လက်ခံတွေ့ဆုံခဲ့ရာ ယင်းသို့ ထည့်သွင်းပြောကြား ခြင်းဖြစ်သည်။

တွေ့ဆုံမှုတွင် ချက်သမ္မတနိုင်ငံအနေဖြင့် စစ်တပ်က အာဏာသိမ်းမှုကို လုံးဝ လက်မခံနိုင် ကြောင်းနှင့် NUG အစိုးရကို နိုင်ငံရေးအရ အပြည့်အဝထောက်ခံ ကြောင်း ချက်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ထို့အပြင် မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိလုံးဝ လွှတ်ပေးရန် စဉ်ဆက်မပြတ်တောင်းဆိုကြောင်းနှင့်လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးရေးအတွက် နိုင်ငံတကာအဖွဲ့ အစည်းများနှင့်ချိတ်ဆက်ဆောင်ရွက်နေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

NUG လူ့အခွင့်အ​ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံတွင်း လက်ရှိ ဖြစ်ပေါ် နေသော အခြေအနေများ၊ ထိရောက်မှု ရှိသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီ အရေးတကြီးလိုအပ်မှုများ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုအတွက် လှုပ်ရှားနေသူများအား အကူအညီပေးနိုင်ရေးတို့ကို တင်ပြဆွေးနွေးသည်ဟု ဆိုသည်။

ချက်သမ္မတနိုင်ငံသို့ ရောက်ရှိနေသော NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးသည် ဖေဖော်ဝါရီ ၉ရက်က ချက်နိုင်ငံအထက်လွှတ်​​တော် နိုင်ငံတကာ​ရေးရာလုံခြုံ​ရေးနှင့် ကာကွယ်​ရေး​ကော်မတီ ဥက္ကဌ Pavel Fisher နှင့်တွေ့ဆုံကာ မြန်မာအရေးကို ယခုထက်ပိုမို ကူညီပေးရန် ​​ဆွေး​နွေးခဲ့ ကြောင်း ဦးအောင်မျိုးမင်းက အသိပေးထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။