Connect with us

Hi, what are you looking for?

News

ပိုမိုထိရောက်သော အကူအညီများပေးရေး နည်းလမ်းသစ်များရှာမည်ဟု ချက်နိုင်ငံခြားရေး ဝန်ကြီးပြော

ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးသည် NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း၊ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်တို့ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် နိုင်ငံခြားရေးရုံး Černín Palace ၌ လက်ခံတွေ့ဆုံခဲ့ရာ ယင်းသို့ ထည့်သွင်းပြောကြား ခြင်းဖြစ်သည်။

ပိုမိုထိရောက်သော အကူအညီများပေးရေး နည်းလမ်းသစ်များကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နှင့်အတူ ရှာဖွေလုပ်ဆောင်မည်ဟု ချက်သမ္မတ နိုင်ငံနိုင်ငံခြားရေးဝန်ကြီး Mr. Jan Lipavský က ပြောသည်။

ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးသည် NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း၊ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်တို့ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် နိုင်ငံခြားရေးရုံး Černín Palace ၌ လက်ခံတွေ့ဆုံခဲ့ရာ ယင်းသို့ ထည့်သွင်းပြောကြား ခြင်းဖြစ်သည်။

တွေ့ဆုံမှုတွင် ချက်သမ္မတနိုင်ငံအနေဖြင့် စစ်တပ်က အာဏာသိမ်းမှုကို လုံးဝ လက်မခံနိုင် ကြောင်းနှင့် NUG အစိုးရကို နိုင်ငံရေးအရ အပြည့်အဝထောက်ခံ ကြောင်း ချက်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ထို့အပြင် မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိလုံးဝ လွှတ်ပေးရန် စဉ်ဆက်မပြတ်တောင်းဆိုကြောင်းနှင့်လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးရေးအတွက် နိုင်ငံတကာအဖွဲ့ အစည်းများနှင့်ချိတ်ဆက်ဆောင်ရွက်နေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

NUG လူ့အခွင့်အ​ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံတွင်း လက်ရှိ ဖြစ်ပေါ် နေသော အခြေအနေများ၊ ထိရောက်မှု ရှိသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီ အရေးတကြီးလိုအပ်မှုများ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုအတွက် လှုပ်ရှားနေသူများအား အကူအညီပေးနိုင်ရေးတို့ကို တင်ပြဆွေးနွေးသည်ဟု ဆိုသည်။

ချက်သမ္မတနိုင်ငံသို့ ရောက်ရှိနေသော NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးသည် ဖေဖော်ဝါရီ ၉ရက်က ချက်နိုင်ငံအထက်လွှတ်​​တော် နိုင်ငံတကာ​ရေးရာလုံခြုံ​ရေးနှင့် ကာကွယ်​ရေး​ကော်မတီ ဥက္ကဌ Pavel Fisher နှင့်တွေ့ဆုံကာ မြန်မာအရေးကို ယခုထက်ပိုမို ကူညီပေးရန် ​​ဆွေး​နွေးခဲ့ ကြောင်း ဦးအောင်မျိုးမင်းက အသိပေးထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook