Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖက်ဒရယ်စနစ်ထူထောင်ရေး အဟန့်အတားဖြစ်နေသည့် စစ်အာဏာရှင်စနစ်ကို ပထမဆုံးဖြုတ်ချချေမှုန်းရန် လိုအပ်ဟု NUG ဝန်ကြီးပြော

ဒီလိုချေမှုန်းဖို့အတွက် ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံပူးပေါင်းပါဝင်နေပါပြီ”ဟု NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးက ပြောသည်။

▪️မြေပြန့်တောင်ပေါ်မကျန်ပါဝင်နေ၍ မုချအောင်မြင်မည့်တော်လှန်ရေးဟု ဒေါက်တာတေဇာစန်း​ပြော

မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ထူထောင်ရေးကို အဟန့်အတားဖြစ်နေသည့် စစ်အာဏာရှင်စနစ်ကို ပထမဆုံးဖြုတ်ချချေမှုန်းရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ယနေ့(ဖေဖော်ဝါရီ ၁၁ရက်) ပြုလုပ်သော ‘ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် စကားဝိုင်း’ တွင် ဒေါက်တာလျန်မှုန်းဆာခေါင်းက စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပြန်လည်ထူထောင်နိုင်ရန် စစ်အာဏာရှင်စနစ်၊ မင်းအောင်လှိုင်နှင့် အာဏာသိမ်းခေါင်းဆောင်များကို ပထမဆုံးချေမှုန်းရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“ဒီလိုချေမှုန်းဖို့အတွက် ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံပူးပေါင်းပါဝင်နေပါပြီ”ဟု NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးခဲ့သူ ခွန်မားကိုဘန်းကလည်း မြန်မာနိုင်ငံကို ပင်လုံ စာချုပ်နှင့်အညီ တည်ဆောက်မှသာ ငြိမ်းချမ်းသာယာ၀ပြောသည့် နိုင်ငံတော်သစ်ကိုတည်ဆောက်နိုင်မည်ဖြစ်မည်ဟု မှတ်ချက်ပြုသည်။

ပင်လုံစာချုပ်၏ အနှစ်သာရမှာ ‘စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရမည်၊ ပြည် ထောင်စုအဖွဲ့ဝင်ပြည်နယ်အားလုံး၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးရမည်၊ တိုင်းရင်းသားလူမျိုးအားလုံး၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးရမည်’ ဖြစ်ကြောင်း ဒေါက်တာ လျန်မှုန်းဆာခေါင်းက ဆိုသည်။

ထို့အပြင် ပင်လုံစာချုပ် အပိုဒ် ၂တွင်ပါဝင်သည့် ဒီမိုကရေစီစနစ်ကျင့်သုံးရမည်ဆိုသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးပင်ဖြစ်ကြောင်း ဝန်ကြီးက ဆက်ပြောသည်။

အဆိုပါ ပင်လုံကတိကဝတ်များကို လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော အစိုးရအဆက်ဆက်က အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ကြခြင်းဖြစ်သည်။

သို့သော် ယနေ့လမ်းပေါ် သပိတ်တိုက်ပွဲများ၊ လက်နက် ကိုင်တော်လှန်ရေးတိုက်ပွဲများ၏ ပထမဆုံးစွဲကိုင်သည့်အလံတော်သည် ‘ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဒို့အရေး’ ဆိုသည့် ကြွေးကြော်သံ၊ တိုက်ပွဲခေါ်သံဖြစ်လာကြောင်း မန္တလေးမြို့ သပိတ်ခေါင်းဆောင် ဒေါက် တာတေဇာဆန်းက ပြောသည်။

“ဒါသည် အင်မတန်လေးနက်သလို အင်မတန်မှ မှန်ကန်တဲ့၊ အင်မတန်မှ တိုးတက်တဲ့ နိုင်ငံရေးတိုက်ပွဲခေါ်သံဖြစ်တယ်လို့ ကျွန်တော်က ခံယူတယ်။ ဘာလို့တုန်း။ ကျွန်တော်တို့နိုင်ငံရဲ့ ပြဿနာက ဒီအပေါ်မှာ အခြေခံခဲ့တာ။ ဒါကို ဘာပဲပြောပြော လူဦးရေအရ လူအများဆုံးဖြစ်နေတဲ့ ဗမာတိုင်းရင်းသားတွေကိုယ်တိုင်က လေးလေးနက်နက်၊ ယုံယုံကြည်ကြည် တောင်းဆိုတိုက်ပွဲဝင်လာခြင်းဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး “ဒီနိုင်ငံကို ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်အဖြစ် မြင်ချင်တယ်ဆိုရင် ဒီနိုင်ငံသည် သေချာပေါက် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရမယ်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ရမယ်ဆိုတာကို ကျွန်တော်တို့ လူများစု ဗမာတိုင်းရင်းသားတွေကိုယ်တိုင်က လေးလေးနက်နက် ခံယူလာခြင်းက ဒီနွေဦးတော်လှန်ရေးရဲ့ အင်မတန်မှ ကြီးမားတဲ့ ၊ အင်မတန်မှ တန်ဖိုးထားအပ်တဲ့ အကျိုးအမြတ်ကြီးတစ်ခုလို့ ကျွန်တော်ကတော့ ရှုမြင်ပါတယ်”ဟု ဒေါက်တာတေဇာစန်းက ဆိုသည်။

ယနေ့ပြည်သူလူထု မျှော်ရည်သည့်၊ မျှော်လင့်တောင့်တသည့် နိုင်ငံတော်အသစ်သည် လူမျိုးကြီးဝါဒများ ကင်းစင်သည့်နိုင်ငံတော်ဖြစ်ပြီး တန်းတူရေး၊ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များဖြင့် ပြည့်၀သည့်နိုင်ငံတော်ဖြစ်ကြောင်း ၎င်းက ဆွေးနွေးသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် မြေပြန့်တောင်ပေါ်မကျန် ပြည်သူလူထု ၅၅ သန်းနှင့် ပြန်လည်ရင်ဆိုင်၊ စစ်တိုက်နေရချိန်ဖြစ်၍ ယခုနွေဦးတော်လှန်ရေးသည် ပြည်သူလူထု မုချနိုင်မည်ဖြစ်ကြောင်း ဒေါက်တာတေဇာစန်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ဓာတုလက်နက် သုံးစွဲမှုဆိုင်ရာ စွပ်စွဲချက်တွေက ၂၀၀၅ နဲ့ ၂၀၁၄ ခုနှစ်တွေမှာလည်း ပေါ်ပေါက်ခဲ့ဖူးပေမယ့် တိကျတဲ့ လက်ဆုပ်လက်ကိုင် သက်သေ မရှိခဲ့ပါဘူး။

အတွေးအမြင်

ကြိုတင်ပြင်ဆင်ပြီးထားခြင်းမရှိခဲ့ဘဲ ရုတ်တရက် မျက်နှာပြောင်တိုက်မှဖြစ်တော့မယ့် ပြဿနာတစ်ခုက နေပြည်တော်က အာဏာလုထားတဲ့ စစ်ဗိုလ်ချုပ်​တွေကြား ဇွန် ၂၀ ရက်ကစ​ရောက်လာတာပါ။

သတင်း

ရွာကုန်းကြီးရွာရှိ ကြားကာလစာသင်ကျောင်း ဗုံးနှစ်လုံးကြဲတိုက်ခိုက်ခံရပြီး ယင်းနေရာအနီးဘောလုံးကွင်းသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။

ဘာသာပြန် ဆောင်းပါး

မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေဟာ ဖြေရှင်းလို့ မရတဲ့ အခြေအနေ မဟုတ်ပါဘူး။ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို တကယ်တမ်း လိုလားတယ်ဆိုရင် နိုင်ငံတကာ အသိုက်အဝန်းဟာ ပြည်သူတွေရဲ့ စိတ်ဆန္ဒကို အမှန်တကယ် ထင်ဟပ် ကိုယ်စားပြုတဲ့ လှုပ်ရှားမှုတွေမှာ အားပေး ထောက်ခံရပါမယ်။