Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်အမြစ်ပြတ်အောင် တိုက်ထုတ်ရန်သာ ဆုံးဖြတ်ထားဟု KNUပြောကြား

ယနေ့စစ်ကောင်စီ ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်း အနားသို့ KNU ကိုယ်စားလှယ် တက်ရောက်သည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီးလည်း ၎င်းက ငြင်းဆိုလိုက်ပြီး ကိုယ်စားလှယ်စေလွှတ်ခြင်းမရှိဟု ပြော သည်။

စစ်​ကောင်စီ​၏အခမ်းအနား KNUကိုယ်စားလှယ်​စေလွှတ်ခြင်းမရှိဟု​ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် စစ်ကောင်စီနှင့် ဆွေးနွေးရန်မရှိဘဲ စစ်အာဏာရှင် အမြစ်ပြတ်အောင်တိုက်ထုတ်ရန်သာရှိကြောင်း KNU ဗဟိုမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့က လူထုနဲ့ တစ်သားတည်း။ အခုလက်ရှိ နိုင်ငံရေးအင်အားစုတွေ CRPHတို့ NUG တို့နဲ့ နိုင်ငံရေးအရပူးတွဲပြီး စစ်အာဏာရှင်ကို အမြစ်ပြတ် ပူးပေါင်းဆောင်ရွက်ဖို့ပဲ။ စစ်ရေးအရလည်း တိုင်းရင်းသားတွေနဲ့ လက်တွဲပြီး ပူးပေါင်းဆောင်ရွက်မယ်။ လက်ရှိ ဖြစ်ပေါ် လာတဲ့ PDFနဲ့ ပူးပေါင်းပြီးတော့ အမြစ်ပြတ်အောင်ချမှာ”ဟု ၎င်းက ဆိုသည်။

ယနေ့စစ်ကောင်စီ ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်း အနားသို့ KNU ကိုယ်စားလှယ် တက်ရောက်သည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီးလည်း ၎င်းက ငြင်းဆိုလိုက်ပြီး ကိုယ်စားလှယ်စေလွှတ်ခြင်းမရှိဟု ပြော သည်။

Public Service Announcement

Public Service Announcement

ယင်းအခမ်းအနားသို့ ယခင် KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌဟောင်းဖြစ်သူ ပဒိုရွှေမောင်းတက်ရောက်သည် ဆိုသည့် သတင်းများကြားသိရပြီး ထိုသို့ သွားရောက်မှုသည် အဖွဲ့အစည်းက ခွင့်ပြုချက်ဖြင့် မဟုတ်ကြောင်း KNUဗဟိုမှ သတင်းရင်းမြစ်က ပြောသည်။

“အဖွဲ့အစည်း ခွင့်ပြုချက်မရှိဘူး။ ကျွန်တော်တို့ သူ့ကို ခွင့်မပြုဘူး။ သူသွားတာ သူတစ်ဦးတစ်ယောက်အနေနဲ့ သူ့ဆုံးဖြတ်ချက်နဲ့ သူသွားတာ။နောက် သူ့ခရိုင်မှာလည်း သူ့ကိုလည်း ခွင့်မပြုထားဘူး။ သူ့အနေနဲ့ ခရိုင်ဥက္ကဋ္ဌ တာဝန်ကို ခရိုင်ဒုဥက္ကဋ္ဌ လက်ရှိ တပ်မဟာ(၆)မှူးကို သူလွှဲလိုက်တယ်။ အဲဒါကြောင့် သူ့ပုဂ္ဂိုလ်ရေးနဲ့ပဲ သူသွားတယ် အဲဒီလိုပဲပြောလို့ရတယ်”ဟု ၎င်းက ဆိုသည်။

KNU အနေဖြင့် စစ်တပ်အာဏာသိမ်းမှုကို လက်မခံကြောင်းနှင့် လူထုနှင့်အတူရပ်တည်ကာ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။