Connect with us

Hi, what are you looking for?

News

မင်းကင်းနှင့်​ကောလင်းတွင် စစ်​ရေးတင်းမာ​နေ၍ ခရီးသွားပြည်သူများ၊​ ကုန်တင်ယာဥ်နှင့်​ ရေယာဥ်များလိုက်နာရမည့်အချက်များကို PDF များက ထုတ်ပြန်

မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ချင်းတွင်းမြစ်နံဘေးကျေးရွာအမြောက်အများ မီးလောင်ကျွမ်းပျက်စီးမှုများ ဖြစ်ပေါ်နေသည်။မင်းကင်းPDF က ​ဖေ​ဖော်ဝါရီ ၁၁ တွင်ပျူ​​စောထီးများ၏ ရက္ခာတင်လာ​သော​ရေယာဥ်ကိုဖမ်းဆီးပြီး ကျပ်သိန်း၁၅၀ ​ကျော်တန်ဖိုးရှိ ရက္ခာများကို မီးရှို့ခံရ​သော​ကျေးရွာများသို့ ဖြန့်​ဝေ​ပေးခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့်စစ်ရေးတင်းမာနေသော မင်းကင်းနှင့် ကောလင်းမြို့နယ်များတွင် ခရီးသွားပြည်သူများ၊ ကုန်တင်ယာဥ်နှင့် ရေယာဥ်များ ခရီးသွားရာတွင် လိုက်နာရမည့်အချက်များအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်အသိ​ပေးပြီးလိုက်နာကြရန် မေတ္တာရပ်ခံထားသည်။

ချင်းတွင်းမြစ်အတွင်း ရေလမ်းအားအသုံးပြု၍အစုန်၊အဆန် ခရီးသွား ရေယာဥ်များအနေဖြင့် မင်းကင်းမြို့နယ်၊သင်တောကျေးရွာနှင့် သံပေါက်ကျေးရွာအတွင်း ညအိပ်ရပ်နားခြင်းများနှင့် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းများအား ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှစတင်၍ လုံးဝမပြုလုပ်ကြရန် အနူးအညွတ်မေတ္တာရပ်ခံကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းနှင့် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြစ်ရိုးအောက်ဒေသ(ပကဖ) တို့က ယ​နေ့ ထုတ်ပြန်အသိပေးသည်။

အလားတူ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင်လည်း လက်တလောစစ်ရေးအခြေအနေတင်းမာနေသဖြင့် ခရီးသွားပြည်သူများနှင့် ကုန်သွယ်ရေးကားများအား ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှစတင်၍ နံနက် ၆ နာရီမှ ည ၇ နာရီအတွင်းသာ ဖြတ်သန်းသွားလာကြရန်၊ သက်မှတ်ချိန်ကျော်လွန်၍ ဖြတ်သန်းသွားလာပါက သွားလာသူများ၏ လုံခြုံရေးကိုတာဝန်ယူမည်မဟုတ်ကြောင်း၊ ထုတ်ပြန်ချက်အားမလိုက်နာသူမည်သူ့ကိုမဆို အရေးယူသွားမည်ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယ​နေ့ သတိ​ပေးကြေညာသည်။

မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ချင်းတွင်းမြစ်နံဘေးကျေးရွာအမြောက်အများ မီးလောင်ကျွမ်းပျက်စီးမှုများ ဖြစ်ပေါ်နေသည်။မင်းကင်းPDF က ​ဖေ​ဖော်ဝါရီ ၁၁ တွင်ပျူ​​စောထီးများ၏ ရက္ခာတင်လာ​သော​ရေယာဥ်ကိုဖမ်းဆီးပြီး ကျပ်သိန်း၁၅၀ ​ကျော်တန်ဖိုးရှိ ရက္ခာများကို မီးရှို့ခံရ​သော​ကျေးရွာများသို့ ဖြန့်​ဝေ​ပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။