Connect with us

Hi, what are you looking for?

News

ပျူများကို စစ်ဝတ်စုံဝတ်ပြီး အညံ့ခံသည့်ပုံစံဖြင့် တိုက်ပွဲအတွင်း မျှား​ခေါ်သည့်လုပ်ရပ် စစ်​ကောင်စီကြိုးပမ်းလာဟု တန့်ဆည်PDF သတိ​ပေး

ထိုကဲ့သို့ ဖြစ်စဥ်သည် ယမန်နေ့(ဖေဖော်ဝါရီ ၁၅ ရက်) က ရေဦးမြို့နယ် ပုဏ္ဏကားရွာ၌ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များက ယုံကြည်မှုမရှိသဖြင့် ပစ်ခတ်မှုပြုလုပ်ရာတွင် ကင်းပုန်းဝတ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၆၀ခန့် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

▪️စစ်ဝတ်စုံဝတ်ပြီး မျှား​ခေါ်ရာတွင် အသုံးချခံရသည့် ပျူ ခုနစ်ဦး​သေဆုံး

ပျူစောထီးများကို စစ်ဝတ်စုံဝတ်ဆင်စေ၍ လက်နက်ချအညံ့ခံသည့်ပုံစံဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များကို အယုံသွင်းကာ မျှားခေါ်သည့်လုပ်ရပ် အကြမ်းဖက်စစ်ကောင်စီကတိုက်ပွဲအတွင်း ကြိုးပမ်းလာသည်ဟု တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးမှ တစ်ဆင့်အသိ​ပေးသည်။

ထိုကဲ့သို့ ဖြစ်စဥ်သည် ယမန်နေ့(ဖေဖော်ဝါရီ ၁၅ ရက်) က ရေဦးမြို့နယ် ပုဏ္ဏကားရွာ၌ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များက ယုံကြည်မှုမရှိသဖြင့် ပစ်ခတ်မှုပြုလုပ်ရာတွင် ကင်းပုန်းဝတ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၆၀ခန့် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

“စစ်ခွေးတွေခင်းလာတဲ့ မိန်းမဆန်ဆန် နည်းဗျူဟာထဲက တစ်ခုပါပဲ။စစ်ရေး အတွေ့အကြုံနည်းနေသေးတယ့် ကိုယ့်အညာဒေသတစ်ခုလုံးအတွက် ကြုံတွေ့လာရတဲ့စကစရဲ့ဗျူဟာပုံစံတစ်ခုကို ဝေမျှခြင်းဖြစ်ပြီး စကစရဲ့ဘယ် လိုကမ်းလှမ်းမှု့မျိုးမဆို ယုံကြည်စိတ်မသွင်းမိစေရန်ပါ”ဟု အထက်ပါတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြ သည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ မျှားခေါ်မှုမှာ အသုံးပြုခဲ့သော ပျူစောထီးခုနှစ်ဦးသည် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ထို့အတူ ယနေ့(ဖေဖော်ဝါရီ ၁၆ ရက်)တွင် ပုဏ္ဏကားကျေးရွာအနီး ရေဦး -တန့်ဆည်ကားလမ်းအသုံးပြုရန်အတွက် မြေပြင်သတင်းရယူပြီးမှ သွားလာရန်လည်း ရေဦးမြို့နယ်(ပ.က.ဖ)က သတိပေးသည်။

ယမန်နေ့က ရေဦးမြို့နယ် မြောက်ဘက်ခြမ်း ဘိုရုံရွာအနီးရှိ ‌ဆည်မြောင်းတူးမြောင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လမ်းပြဒလန်လွှမ်းအောင်အပါအဝင် ခုနှစ်ဦးသေဆုံးခဲ့ကြောင်း ရေဦး(ပ.က.ဖ)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးဝန်းကျင်နဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား အနီးတွေမှာ ဒီကနေ့ စက်တင်ဘာ ၃ရက်မနက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ပစ္စည်းပို့သမား (Delivery)တစ်ဦးဆီကနေ ငွေနဲ့ဖုန်းတွေ ခြိမ်းခြောက်လုယူသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ