Connect with us

Hi, what are you looking for?

News

ပြည်သူ့နေအိမ်များနှင့် ပြည်သူတစ်ဦးအား သတ်ဖြတ်ဖျက်ဆီးခဲ့သည့် ပျူစောထီးအဖွဲ့ကို ပေါက် PDF စီးနင်းရာ နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ပျူစောထီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် G3 ကျည်တစ်ထောင့်ထိုး လက်နက်ငယ်(၃)လက်နှင့်ကျည်အနည်းငယ်၊ Keypad phone- နှစ်လုံး Smart phone-နှစ်လုံး နှင့် ၎င်းတို့၏အချက် အလက်များ သိမ်းဆည်းရရှိခဲ့သည်ဟု ပေါက် PDFတပ်ရင်း(၄)က အသိပေးသည်။

ပြည်သူ့နေအိမ်များနှင့် ပြည်သူတစ်ဦးအား သတ်ဖြတ်ဖျက်ဆီးခဲ့သည့် ပေါက်မြို့နယ် ကုက္ကိုစု ကျေးရွာမှ ပျူစောထီးအဖွဲ့ကို ဝင်ရောက်စီးနင်းရာ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ပေါက် PDFတပ်ရင်း(၄)မှ ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ယနေ့(ဖေဖော်ဝါရီ ၁၆ ရက်) နံနက် ၆ နာရီ ၁၅မိနစ်ခန့်တွင် ပျူစောထီးဒုခေါင်း ဆောင် အောင်ဆန်းနှင့် ဦးတိုးအိမ်ကို ဝင်ရောက်စီးနင်းခဲ့သည်ဟု ဆိုသည်။

ပျူစောထီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် G3 ကျည်တစ်ထောင့်ထိုး လက်နက်ငယ်(၃)လက်နှင့်ကျည်အနည်းငယ်၊ Keypad phone- နှစ်လုံး Smart phone-နှစ်လုံး နှင့် ၎င်းတို့၏အချက် အလက်များ သိမ်းဆည်းရရှိခဲ့သည်ဟု ပေါက် PDFတပ်ရင်း(၄)က အသိပေးသည်။

ပျူစောထီး နေအိမ်များကို စီးနင်းရာတွင် ပြည်သူကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များဖြစ်သော Myaing PDF ၊ Pakokku PDF ၊ ပေါက်မြို့နယ် တိမ်လွှာအဖွဲ့ ၊ ASTF ၊ Secret Danger Revolution Force နှင့် Pauk PDFတပ်ရင်း(၄) တို့ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခု Mission ကို လုပ်ဆောင်နိုင်ရန်အတွက် ဖေဖော်ဝါရီ ၅ ရက်တွင် ကုက္ကိုစုရွာပြည်သူအိမ်များဖျက်ဆီးခဲ့ရာတွင်ပါဝင်ခဲ့သော ကုက္ကိုစုရွာပျူစောထီးဆန်းနိုင်နှင့် နန်းထွန်းကို Myaing PDF၊ တိမ်လွှာအဖွဲ့နှင့်ASTFတို့ပူပေါင်းပြီး လမ်းခုလပ်တစ်နေရာ၌ အရှင်ဖမ်းစီး၍ သုတ်သင်ရှင်းလင်းခဲ့သည်ကို သတင်းထိန်ချန်ထားခဲ့ရသည်ဟုလည်း ဆိုသည်။

အလာတူ ဖေဖော်ဝါရီ၁၀ ရက်က ကုက္ကိုစုရွာပြည်သူအိမ်များဖျက်ဆီးခဲ့ရာတွင်ပါဝင်ခဲ့သော ဇီးတောရွာပျူစောထီး ဝေထွန်းကိုလည်း တိမ်လွှာအဖွဲ့နှင့်ASTFတို့ပူးပေါင်းပြီး အရှင်ဖမ်းဆီးကာ သုတ်သင်ရှင်းလင်းခဲ့သည်ကိုလည်း သတင်းထိန်းချန်ခဲ့ရကြောင်း သိရသည်။

ပေါက်မြို့နယ်အတွင်း ပင်တောင်ရွာ၊ ဒီးတုတ်ကွင်းရွာ၊ ကုက္ကိုစုရွာမှ ပျူစောထီးများအနေဖြင့် စစ်ကောင်စီ၏ ထောက်တိုင်အဖြစ်ဆက်လုပ်နေပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဆက်လက်ထိပါးစော်ကားနေမည်ဆိုပါက ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုအနေဖြင့် အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ပြင်ထန်စွာ သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။