Connect with us

Hi, what are you looking for?

News

ချောင်းဦးမြို့နယ်အတွင်းရှိ လမ်းပိုင်းငါးခုအားဖြတ်သန်းခွင့်ယာယီပိတ်ထား​ကြောင်း​ ချောင်းဦး PDF​ကြေညာ

ယမန်နေ့ညပိုင်းက ချောင်းဦး-ဆင်ဖြူရှင်လမ်းတွင်ပေါက်ကွဲသံတစ်ခုထွက်ပေါ်ခဲ့ပြီး ယနေ့နံနက်ပိုင်းကချောင်းဦးမြို့နယ် ကံကြီးကုန်းရွာ၏အရှေ့ဘက် အနီးနားဝန်းကျင်တွင် သေနတ်ပစ်ခတ်သံများဆက်တိုက်ပေါ်ထွက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ယခင်လပိုင်းအတွင်းက ပစ်ခတ်မှုများရှိနေချိန်မုံရွာ-မန္တလေးလမ်းတစ်နေရာ ယာဥ်များရပ်တန့်စောင့်ဆိုင်းနေကြစဥ်။ ဓါတ်ပုံ- CJ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း လမ်းပိုင်း ၅ ခုအား ဖြတ်သန်းခွင့်ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးကြေညာသည်။

ယနေ့ (ဖေဖော်ဝါရီ၂၃ ရက်) မွန်းလွဲပိုင်းတွင် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အရေးပေါ်သတိပေးကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ရာ ချောင်းဦးမြို့နယ်အတွင်း မုံရွာ – ချောင်းဦး – မြင်းမူ လမ်းပိုင်း၊ ချောင်းဦး – ပခုက္ကူလမ်းပိုင်း၊မုံရွာ – အမြင့် – တောကျောင်းကြီးလမ်းပိုင်း၊ခင်မွန် – ကျီကုန်း – ရွှေဒါးကျလမ်းပိုင်း၊ ချောင်းဦး – အမြင့်လမ်းပိုင်းများကို ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ ယာယီပိတ်ထားလိုက်ကြောင်း ​ဖော်ပြထားသည်။

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းများကို လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးကို အာမမခံပါကြောင်း၊ အထက်ပါလမ်းပိုင်းများတွင်သွားလာနေကြသောမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းများကိုလက်ရှိအသုံးပြုလျှက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း၊ လမ်းပိုင်းများပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ထပ်မံကြေညာသွားမည်ဟုချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။

“ကျွန်တော်တို့ လိုအပ်လို့ ထုတ်ပြန်ထားတာ။မိဖပြည်သူတွေ လိုက်နာပေးဖို့ ထပ်ပြီး မေတ္တာရပ်ခံပါတယ်”ဟု ချောင်းဦးပြည်သူကာကွယ်ရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညပိုင်းက ချောင်းဦး-ဆင်ဖြူရှင်လမ်းတွင်ပေါက်ကွဲသံတစ်ခုထွက်ပေါ်ခဲ့ပြီး ယနေ့နံနက်ပိုင်းကချောင်းဦးမြို့နယ် ကံကြီးကုန်းရွာ၏အရှေ့ဘက် အနီးနားဝန်းကျင်တွင် သေနတ်ပစ်ခတ်သံများဆက်တိုက်ပေါ်ထွက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။