Connect with us

Hi, what are you looking for?

News

ကနီမြို့နယ်အတွင်း သုံးရက်ကြာတိုက်ပွဲအတွင်းစစ်​ကောင်စီတပ် ၂၀ ဦးခန့်​သေဟု GTF ထုတ်ပြန်

ကနီမြို့နယ်၊ ငါးဖျက်ရွာနှင့် ပန်းဆိုင်ရွာကြားတွင် ဖေဖော်ဝါရီလ၂၂ ရက်နေ့ မနက်ပိုင်းမှစ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကို ရွှေတြိဂံတပ်ရင်း တပ်ခွဲ(၁)၊ KLG PDF၊MK&The Boy၊ ပကဖ၊ ဒေသတွင်းမဟာမိတ်တပ်ပေါင်းစုများက ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

(​ရွှေတြိဂံတပ်ဖွဲ့ဝင်များ အ​ခြေခံစစ်ပညာသင်တန်းပြီး၍ သင်တန်းဆင်ပွဲပြုလုပ်​နေစဥ်။ဓါတ်ပုံ-GTF)

ကနီမြို့နယ်တွင် သုံးရက်ကြာဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ဦးခန့်သေဆုံးပြီး မဟာမိတ်တပ်ပေါင်းစုဘက်မှ ရဲဘော် သုံးဦး ဒဏ်ရာအနည်းငယ်ရခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၂ရက်မှ ဖေဖော်ဝါရီ ၂၄ရက်အတွင်း ဖြစ်ပွားသော တိုက်ပွဲအခြေအနေကို ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သော ရွှေတြိဂံတပ်ရင်း Golden Triangle Force – GTFကထုတ်ပြန်သည်။

ကနီမြို့နယ်၊ ငါးဖျက်ရွာနှင့် ပန်းဆိုင်ရွာကြားတွင် ဖေဖော်ဝါရီလ၂၂ ရက်နေ့ မနက်ပိုင်းမှစ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကို ရွှေတြိဂံတပ်ရင်း တပ်ခွဲ(၁)၊ KLG PDF၊MK&The Boy၊ ပကဖ၊ ဒေသတွင်းမဟာမိတ်တပ်ပေါင်းစုများက ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးမဟာမိတ်များကတိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်က ဒဏ်ရာရသွားသူများထဲတွင် အရာရှိအချို့လည်းပါဝင်သည်။ ဒဏ်ရာရသူများကို ပန်းဆိုင်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲ၍ ဆေးကုသခဲ့ပြီးယမန်နေ့(ဖေဖော်ဝါရီလ၂၄ရက်)နေ့လယ် နှစ်နာရီခန့်တွင် ရဟတ်ယာဉ်ဖြင့်လာသယ်သွားသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ကနီနှင့် မင်ကင်းဒေသသို့ လွန်ခဲ့သည့် တစ်ပတ်ခန့်ကတည်းက တစ်ကျော့ပြန် စစ်ကြောင်းထိုးနေ၍ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

​ဖေ​ဖော်ဝါရီ ၂၀ ရက်က စစ်​ကြောင်းထိုးလာ​သောတပ်နှင့် ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့တို့ကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်​ကောင်စီတပ်မှ ၁၅ ဦးမှ ၃၀ ဦးအတွင်း​သေဆုံးခဲ့သည်ဟု ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့များကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။