Connect with us

Hi, what are you looking for?

News

ပြည်သူများသတင်း​ပေးမှု​ကြောင့် သစ်ခိုးထုတ်မှုကို LSRPDF ဖမ်းဆီးရမိ

သတင်းပေးတိုင်ကြားမှုအရ စစ်ဆေးဖမ်းဆီးမှုပြုလုပ်စဉ် တရားမဝင်ခိုးထုတ်လာကြသော သစ်တန်ချိန် (၃)တန် ဝန်းကျင်နှင့်အတူ Chain Saw (၆) လက်နှင့် လက်လုပ်လေသေနတ် နှစ်လက်တို့ကို ဖမ်းဆီးနိုင်ခဲ့သည်။

ပြည်သူများက သတင်းပေးသဖြင့် တရားမဝင်ခိုးထုတ်နေကြသော သစ်ခိုးထုတ်မှုအား စစ်ဆေးတွေ့ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လောင်းရှည်ဒေသ (LSRPDF)က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၁ရက်) နံနက် ၉ နာရီခန့်တွင် မကွေးတိုင်းဆိပ်ဖြူမြို့နယ်နှင့် ဆောမြို့နယ်ခြားဒေသ၊ မိုင်တိုင်အမှတ် ၄၀/၃ တွင် တရားမဝင်ခိုးထုတ်နေကြသော သစ်ခိုးထုတ်မှုအား LSRPDF မှ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမှုပြုလုပ်ခဲ့ရာမှ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းပေးတိုင်ကြားမှုအရ စစ်ဆေးဖမ်းဆီးမှုပြုလုပ်စဉ် တရားမဝင်ခိုးထုတ်လာကြသော သစ်တန်ချိန် (၃)တန် ဝန်းကျင်နှင့်အတူ Chain Saw (၆) လက်နှင့် လက်လုပ်လေသေနတ် နှစ်လက်တို့ကို ဖမ်းဆီးနိုင်ခဲ့သည်။

ထိုကဲ့သို့ နိုင်ငံတော်ပိုင်ပစ္စည်းများကို ပြည်သူ မှပြည်သူ့အကျိုးအတွက်အသုံးမပြုပဲ အကြမ်းဖက် စစ်ကောင်စီ ၏ လက်အောက်ခံတို့ဖြင့် ဝေစားမျှစားပြုလုပ်နေကြသော တရားမဝင်လုပ်ငန်းများကို တားဆီးတိုက်ဖျက်သွားမည် LSRPDFက ကတိပြုသည်။

Public Service Announcement

Public Service Announcement

မကွေးနှင့် စစ်ကိုင်းတိုင်းတို့၌ တရားမဝင်သစ်များကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ ခိုးထုတ်နေမှုများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက လစဥ် ဖမ်းဆီးရမိမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။