Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူများသတင်း​ပေးမှု​ကြောင့် သစ်ခိုးထုတ်မှုကို LSRPDF ဖမ်းဆီးရမိ

သတင်းပေးတိုင်ကြားမှုအရ စစ်ဆေးဖမ်းဆီးမှုပြုလုပ်စဉ် တရားမဝင်ခိုးထုတ်လာကြသော သစ်တန်ချိန် (၃)တန် ဝန်းကျင်နှင့်အတူ Chain Saw (၆) လက်နှင့် လက်လုပ်လေသေနတ် နှစ်လက်တို့ကို ဖမ်းဆီးနိုင်ခဲ့သည်။

ပြည်သူများက သတင်းပေးသဖြင့် တရားမဝင်ခိုးထုတ်နေကြသော သစ်ခိုးထုတ်မှုအား စစ်ဆေးတွေ့ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လောင်းရှည်ဒေသ (LSRPDF)က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၁ရက်) နံနက် ၉ နာရီခန့်တွင် မကွေးတိုင်းဆိပ်ဖြူမြို့နယ်နှင့် ဆောမြို့နယ်ခြားဒေသ၊ မိုင်တိုင်အမှတ် ၄၀/၃ တွင် တရားမဝင်ခိုးထုတ်နေကြသော သစ်ခိုးထုတ်မှုအား LSRPDF မှ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမှုပြုလုပ်ခဲ့ရာမှ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းပေးတိုင်ကြားမှုအရ စစ်ဆေးဖမ်းဆီးမှုပြုလုပ်စဉ် တရားမဝင်ခိုးထုတ်လာကြသော သစ်တန်ချိန် (၃)တန် ဝန်းကျင်နှင့်အတူ Chain Saw (၆) လက်နှင့် လက်လုပ်လေသေနတ် နှစ်လက်တို့ကို ဖမ်းဆီးနိုင်ခဲ့သည်။

ထိုကဲ့သို့ နိုင်ငံတော်ပိုင်ပစ္စည်းများကို ပြည်သူ မှပြည်သူ့အကျိုးအတွက်အသုံးမပြုပဲ အကြမ်းဖက် စစ်ကောင်စီ ၏ လက်အောက်ခံတို့ဖြင့် ဝေစားမျှစားပြုလုပ်နေကြသော တရားမဝင်လုပ်ငန်းများကို တားဆီးတိုက်ဖျက်သွားမည် LSRPDFက ကတိပြုသည်။

Public Service Announcement

Public Service Announcement

မကွေးနှင့် စစ်ကိုင်းတိုင်းတို့၌ တရားမဝင်သစ်များကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ ခိုးထုတ်နေမှုများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက လစဥ် ဖမ်းဆီးရမိမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။