Connect with us

Hi, what are you looking for?

News

ရေးမြို့နယ်တွင် အရပ်သားတစ်ဦးပစ်ခတ်ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် ကျဆုံး

ဖမ်းဆီးခံရချိန်တွင် ကိုအောင်ခန့်ဟိန်းမှာ သေ နတ်ဒဏ်ရာရရှိထားသော်လည်း ဆေးကုသခွင့်မပေးဘဲ စစ်ကြောရေးသို့ပို့ဆောင်ခဲ့ရာ ယမန် နေ့ မတ် ၂၀ ရက်နေ့ညနေပိုင်းတွင် ယင်းစစ် ကြောရေး၌ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

မွန်ပြည်နယ် ရေးမြို့နယ်တွင် အရပ်သားတစ်ဦးပစ်ခတ်ဖမ်းဆီးခံရပြီးနောက် နှစ်ရက်အကြာတွင် စစ်ကြောရေး၌ ကျဆုံးသွားကြောင်း မွန် ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့ (MRSO) က ယနေ့(မတ် ၂၁)ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ မတ်လ ၁၈ ရက်နေ့ညနေပိုင်းက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွင်ပါဝင်သည့် ရေးမြို့နယ် ဝယ်ပေါင်ကျေးရွာတွင် ကားပြင်နေသော MRSO အဖွဲ့ဝင်များအား စစ်ကောင်စီတပ်မှ လာရောက်ပစ်ခတ်စဥ် ပရဟိတလုပ်ကိုင်သူ ကိုအောင်ခန့်ဟိန်းအား ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖမ်းဆီးခံရချိန်တွင် ကိုအောင်ခန့်ဟိန်းမှာ သေ နတ်ဒဏ်ရာရရှိထားသော်လည်း ဆေးကုသခွင့်မပေးဘဲ စစ်ကြောရေးသို့ပို့ဆောင်ခဲ့ရာ ယမန် နေ့ မတ် ၂၀ ရက်နေ့ညနေပိုင်းတွင် ယင်းစစ် ကြောရေး၌ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အထက်ပါဖြစ်စဥ်တွင် ပရဟိတသမားလည်းဖြစ် နည်းပညာတက္ကသိုလ်ကျောင်းသားဟောင်းလည်းဖြစ်သူ ကိုအောင်ခန့်ဟိန်း ပစ် ခတ်ဖမ်းဆီးခံရသည့်အပြင် MRSO အဖွဲ့ဝင်တစ်ဦးနှင့် ဝယ်ပေါင်ရွာသားတစ်ဦး ပစ်ခတ်မှုအ တွင်း ကျဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သို့သော် မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့(MRSO)မှအဖွဲ့ဝင်နှစ်ဦးတွင်တစ်ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့သော်လည်းလွတ်မြောက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။