Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ ခြေလျှင်တပ်ကို ကသာနယ် ချောင်းဝရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ရာ နှစ်ဦးသေ၊ ငါးဦးထက်မနည်းဒဏ်ရာရဟု မြို့လှ PDFပြော

တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများကို စက်လှေများဖြင့် သယ်ယူလျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

(မြို့လှ PDF ရဲဘော်များကို တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျှင်တပ်ကို ကသာမြို့နယ် ချောင်းဝကျေးရွာ အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာအပြင်း အထန်ရရှိကြောင်း မြို့လှ PDFက ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၃ရက်)နံနက် ၆နာရီခန့်၌ အင်အား ၅၀ခန့်ပါ အကြမ်းဖက် စစ်ကောင်စီတပ် သည် မင်းကျောင်းကုန်းရွာမှ ချောင်းဝရွာဖက်သို့ ကန်ဘောင်လမ်းအတိုင်း ခြေလျင်စစ် ကြောင်းထိုးခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို လမ်းခုလတ် တောစပ်နေရာတစ်ခုတွင် ဗိုလ်မိုဃ်းကြိုး ဦးဆောင်သော မြို့လှ PDFတပ်မှ မိုင်း ၈ လုံးဖြင့် စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများကို စက်လှေများဖြင့် သယ်ယူလျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြို့လှ PDF မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း လည်း အသိပေးထားသည်။

ယနေ့ နံနက် ၉နာရီခန့်ကလည်း စစ်ကောင် စီ၏ ရိက္ခာတင်သင်္ဘော ၂စီးသည် ရွှေကူမြို့မှ စတင်ထွက်ခွာလာပြီး မြစ်ကမ်းတလျှောက်တွင် စစ်ကောင်စီတပ်မှ လုံခြုံရေးယူနေသည်ဟု မြို့လှ PDFက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook