Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီ၏ ခြေလျှင်တပ်ကို ကသာနယ် ချောင်းဝရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ရာ နှစ်ဦးသေ၊ ငါးဦးထက်မနည်းဒဏ်ရာရဟု မြို့လှ PDFပြော

တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများကို စက်လှေများဖြင့် သယ်ယူလျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

(မြို့လှ PDF ရဲဘော်များကို တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျှင်တပ်ကို ကသာမြို့နယ် ချောင်းဝကျေးရွာ အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာအပြင်း အထန်ရရှိကြောင်း မြို့လှ PDFက ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၃ရက်)နံနက် ၆နာရီခန့်၌ အင်အား ၅၀ခန့်ပါ အကြမ်းဖက် စစ်ကောင်စီတပ် သည် မင်းကျောင်းကုန်းရွာမှ ချောင်းဝရွာဖက်သို့ ကန်ဘောင်လမ်းအတိုင်း ခြေလျင်စစ် ကြောင်းထိုးခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို လမ်းခုလတ် တောစပ်နေရာတစ်ခုတွင် ဗိုလ်မိုဃ်းကြိုး ဦးဆောင်သော မြို့လှ PDFတပ်မှ မိုင်း ၈ လုံးဖြင့် စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများကို စက်လှေများဖြင့် သယ်ယူလျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြို့လှ PDF မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း လည်း အသိပေးထားသည်။

ယနေ့ နံနက် ၉နာရီခန့်ကလည်း စစ်ကောင် စီ၏ ရိက္ခာတင်သင်္ဘော ၂စီးသည် ရွှေကူမြို့မှ စတင်ထွက်ခွာလာပြီး မြစ်ကမ်းတလျှောက်တွင် စစ်ကောင်စီတပ်မှ လုံခြုံရေးယူနေသည်ဟု မြို့လှ PDFက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။