Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းပြီးနောက် အလုပ်သမားရေးရာစံနှုန်းတွေ မလိုက်နာတဲ့အတွက် ILO စုံစမ်းစစ်ဆေးမယ်

မလွှကုန်းမီးရထားသမဂ္ဂက အဖွဲ့ဝင် ကိုအောင်ကိုလတ် ကို စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်တဲ့လုပ်ရပ်ကိုလည်း ILOက အလေးထားဖော်ပြထားပြီး ဒီလို လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ပြစ်ရမယ်လို့ ဆိုထားပါတယ်။

စစ်အာဏာသိမ်းတာကို အလုပ်သမားတွေ ဆန့်ကျင်ဆန္ဒပြစဉ် (ပုံဟောင်း) ဓာတ်ပုံ −FGWM

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံတွင်းမှာ နိုင်ငံတကာအလုပ်သမာရေးရာ စံနှုန်းတွေကို လိုက်နာမှုမရှိတဲ့အပေါ် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းဖို့အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းကြီး (ILO) က မနေ့က မတ်လ ၂၅ ရက်မှာထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ်ဖွဲ့စည်းခွင့်ရှိမရှိ နဲ့အတင်းအဓမ္မစေခိုင်းတာတွေရှိမရှိကို စုံစမ်းစစ်ဆေးရေးကော်မရှင်က စုံစမ်းသွားမှာပါ။

ဒါအပြင် အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက်နေပြီး ဒီလိုသတ်ဖြတ်ခံရသူတွေထဲမှာကလေးသူငယ်တွေပါဝင်နေတယ်လို့ ILO ကြေညာချက်မှာဖော်ပြထားပါတယ်။

မလွှကုန်းမီးရထားသမဂ္ဂက အဖွဲ့ဝင် ကိုအောင်ကိုလတ် ကို စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်တဲ့လုပ်ရပ်ကိုလည်း ILOက အလေးထားဖော်ပြထားပြီး ဒီလို လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ပြစ်ရမယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ အလုပ်သမားရော ၊အလုပ်ရှင် အဖွဲ့အစည်းတွေပါ လွတ်လပ်စွာဖွဲ့စည်းတည်ထောင်ခွင့်ရှိရမှာဖြစ်ပြီး သူတို့အပေါ် အကြမ်းဖက်မှုတွေ ၊ တရားလက်လွတ်ဖမ်းဆီးတာတွေ မရှိသင့်ဘူးလို့ ILO က ထောက်ပြပါတယ်။

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေ ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ တွေအပေါ် အကြမ်းဖက်တာ ၊ဖိအားပေးတာ ၊ တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းတဲ့လုပ်ရပ်တွေကို လည်း ILO က ရှုတ်ချထားပါသေးတယ်။

မြန်မာနိုင်ငံအတွက် ဖွဲ့စည်းမယ့် စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ILO ရဲ့ အမြင့်ဆုံးစုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းဖြစ်ပါတယ်။

အဲဒီကော်မရှင်ဟာ အဖွဲ့ဝင် ၃ ဦးပါဝင်မှာဖြစ်ပြီး နိုင်ငံတကာအလုပ်သမားအခွင့်အရေးဆိုင်ရာ စံနှုန်းတွေကို ချိုးဖောက်တဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအပေါ် စုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းရတာပါ။

ဒီလိုကော်မရှင်မျိုးကို ILO သမိုင်းတလျှောက်မှာ ၁၄ ကြိမ် ဖွဲ့စည်းဖူးတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံဟာ ILO အဖွဲ့ကြီး ကို ၁၉၄၈ ခုနှစ်က ဝင်ရောက်ထားတဲ့အဖွဲ့ဝင် နိုင်ငံဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

သတင်း

လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်၍ စစ်ရာဇဝတ်မှုကျုးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်၊ လိုအပ်သည့် နောက်ဆက်တွဲ ကာကွယ်မှုများ၊ ကူညီ ပံ့ပိုးမှုများပေးအပ်နိုင်ရန် တိုင်ကြားနိုင်မည့် နည်းလမ်းများကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။