Connect with us

Hi, what are you looking for?

News

ယောဒေသ တပ်ဖွဲ့လေးဖွဲ့ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဖွဲ့စည်း

ယောဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များအားလုံး စုစည်းနိုင်ပါက စစ်အာဏာရှင် တော်လှန်ရေးအတွက်ရော ဒေသခံ လူထုအတွက်ပါပိုမိုအကျိုးရှိစေမည်ဟု ဒေသခံများက မှတ်ချက်ပြုသည်။

(LSRPDF ရဲဘော်များကို တွေ့ရစဥ်)

စစ်အာဏာရှင်ဆန့်ကျင်ရေးရဲရင့်တက်ကြွသည့် ယောဒေသမှ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ လေးဖွဲ့ပူးပေါင်းလိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအဖြစ် ကြေညာချက်ထုတ်ပြန်လိုက် သည်။

လောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LSRPDF)၊ ကျောက်ထုဒေသ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(KTU-PDF)၊ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Htilin PDF)နှင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)တို့ စုပေါင်းကာ ယောဒေသပြည်သူ့ ကာကွယ်ရေး တပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့(မတ်လ ၂၇ရက်)က ကြေညာခြင်းဖြစ်သည်။

YPDF ရဲဘော်လူငယ်များကို တွေ့ရစဥ်

ယောဒေသတွင်း တကွဲတပြားစီဖြစ်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တသွေးတသားတည်းဟူသော စည်းလုံးညီညွတ်မှုနှင့် ယောဒေသပြည်သူလူထုအကျိုးစီးပွားကို ရှေးရှု၍ ယင်းကဲ့သို့ ဖွဲ့စည်းလိုက်ခြင်းဟု ယောဒေသလူထုတိုက်ပွဲကော်မတီက ထုတ်ပြန် ထားသည်။

နွေဦးတော်လှန်ရေးစတင်ကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးရော လက်နက်ကိုင် တိုက်ပွဲဝင်ရာတွင်ပါ ရဲရင့်သည့် ယောဒေသ၌ အထက်ပါ ပြည်သူ့ကာကွယ်ရေးအဖွဲ့ လေးဖွဲ့အပြင် ယောဒေသကာကွယ်ရေးအဖွဲ့(YDF)၊​ဆောဒေသပြည်သူ့ ကာကွယ်ရေးအဖွဲ့(PDF Saw) ကဲ့သို့ လူသိများသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များလည်း ရှိသေးသည်။ထို့အပြင် လူငယ်အများစုပါဝင်သည့် ကျေးရွာနှင့်ရပ်ကွက်အလိုက်ဖွဲဲ့စည်းထားသည့် ပြည်သူ့ ကာကွယ် ရေးအဖွဲ့များလည်း ရှိသည်။

Public Service Announcement

Public Service Announcement

Htilin PDF ရဲဘော်များကို တွေ့ရစဥ်

ယောဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များအားလုံး စုစည်းနိုင်ပါက စစ်အာဏာရှင် တော်လှန်ရေးအတွက်ရော ဒေသခံ လူထုအတွက်ပါပိုမိုအကျိုးရှိစေမည်ဟု ဒေသခံများက မှတ်ချက်ပြုသည်။

ဒေသတွင်းကျန်ရှိနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း ဆက်လက်ညှိနှိုင်း လုပ်ဆောင်နေပြီး ယောပြည်သူလူထု လိုလားတောင့်တနေသော ယောဒေသတွင်းစည်းလုံး ညီညွတ်ရေးနှင့် တစုတစည်းတည်းသော ပြည်သူ့ကာကွယ်ရေးအင်အားစုတစ်ခု ဖြစ်လာစေရန် ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်သည်ဟုလည်း ယောဒေသလူထု တိုက်ပွဲကော်မတီက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ပဲခူးတိုင်းမှာ ၂၀၂၆ နှစ်ဆန်းပိုင်းကတည်းက PDF ​​​တွေအပါအဝင် ​တော်လှန်​ရေးတပ်​တွေရဲ့ ထိုးစစ်အရှိန် မြှင့်လာခဲ့တာမှာ ဇန်နဝါရီ ၂၈ ရက်​နေ့ကလည်း ပဲခူးတိုင်းအ​ရှေ့ရှမ်းမှာ စစ်တပ်စစ်​ကြောင်း ပျက်​အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် ။

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်က အမှတ်(၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)ကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ပြောင်ချောင်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၂)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်က ဆားလင်းကြီးမြို့နယ်မှာ ၅/ဆလကလူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်နဲ့ အာဏာရှင်တော်လှန်ရေး PDF အဖွဲ့တို့က စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook