Connect with us

Hi, what are you looking for?

LuduNwayOo

News

သင်္ချိုင်းကုန်းတွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးပူး​ပေါင်းတပ်တို့ တိုက်ခိုက်

မြောင်မြို့နယ်သည် စစ်တပ်အုပ်ချုပ်၍ လုံးဝမရတော့ဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အားအလွန်ကောင်းနေသည့် မြို့နယ်ဖြစ်နေပြီဟု ဒေသခံတစ်ဦးက ပြောသည်။

သင်္ချိုင်းကုန်းတွင် ကင်းပုန်းလာဝပ်သည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(T. G. R)ဦးဆောင်မဟာမိတ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးခဲ့သည်။

မြောင်မြို့နယ် မရိုးကုန်းရွာခြား သင်္ချိုင်းကုန်းတွင် ကင်းပုန်းလာဝပ်သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မတ်လ ၂၆ရက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စကစခွေးသုံးကောင် နေရာတွင်ပွဲခြင်းပြီး တစ်စစီသေဆုံးကြောင်း သတင်းအတည်ပြုအပ်ပါသည်”ဟု T. G.Rက ယနေ့(မတ် ၂၉ရက်)သတင်းထုတ်ပြန်သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် Myaung People’s Defence force (T. G. R)၊11 BrothersRevolutionForces (Myaung)၊ZAMANI REVOLYTION Force Myaung (MMU)၊စစ်ကိုင်းတိုင်းခရိုင်တပ်ရင်း(၁)နှင့် BURMES Guerilla Force(B. G. F)၊ဗိုလ်နေတိုးအထူး​ပြောက်ကျားအဖွဲ့(B. N. T)က ပူးပေါင်းတို့ အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မြောင်မြို့နယ်သည် စစ်တပ်အုပ်ချုပ်၍ လုံးဝမရတော့ဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အားအလွန်ကောင်းနေသည့် မြို့နယ်ဖြစ်နေပြီဟု ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့် မြို့နယ်တွင်း နေရာအချို့တွင် ကင်းပုန်းဝပ်တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို အရှိန်မြှင့်တိုက် ခိုက်ပေးရန် မြို့ခံအချို့က လိုလားနေသည်။

“ကျွန်တော်တို့ တစ်နေ့မှ မနားသလောက်ပဲ ကြိုးစားနေတယ်။ တိုက်ခိုက်ရေးအတွက်က လက်နက်ခဲယမ်းလိုအပ်ချက်က အရင်ကလောက်မကျပ်တည်းပေမယ့် လိုနေဆဲပဲ။ တတ်နိုင်သမျှ လှူကြ။စစ်ခွေးတွေကို ကျွန်တော်တို့ နေ့တိုင်း တိုက်နေမှာ” ဟု မြောင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်လူငယ်တစ်ဦးက ပြော သည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။