Connect with us

Hi, what are you looking for?

News

မူဆယ်မြို့တွင် အရာရှိအပါအဝင် ရဲငါးဦးဖမ်းဆီးသတ်ဖြတ်ပြီး လမ်းဘေး စွန့်ပစ်ထား

အသတ်ခံရသည့် ရဲငါးဦးတွင် ရဲအုပ်တစ်ဦးပါဝင်ကြောင်း People’s Spring က အတည်ပြုနိုင်ပြီး ကျန်လေးဦးကို မသိရသေးပေ။ ရုပ်အလောင်းများကို စစ်ကောင်စီက ယနေ့ နေ့လယ်ပိုင်းတွင် သယ်ယူသွားပြီဖြစ်သည်။

မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်ငါးဦးကို လက်နက်ကိုင်တစ်ဖွဲ့က ဖမ်းဆီးသတ်​ဖြတ်လိုက်ပြီး ရုပ်အလောင်းများကို လမ်းဘေးတွင် ပစ်ထားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မူဆယ်မြို့မရဲစခန်းမှ ရဲအုပ်ဝင်းကို အပါအဝင် ရဲတပ်ဖွဲ့ဝင်ငါးဦးကို လက်နက်ကိုင်တစ်ဖွဲ့က ယမန်နေ့( မတ်လ ၃၀ ရက်)ညတွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

မူဆယ်မြို့ ကျင်စန်းကျော့လမ်း(တရုတ်နယ်စပ်ဂိတ်သို့သွားရာလမ်း)တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများကို မူဆယ်-ကြုကုတ်လမ်းရှိ မုံးပေါ်ရွာလမ်းဘေးတွင် ပစ်ထားသည်ကို တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

“ဒီဒေသမှာ ရဲတွေက အရာရှိပိုင်းတွေအတွက် ငွေရ ပေါက်သိပ်များတယ်။ အောက်ခြေရဲတွေကတော့ စုတ်စုတ်ပဲ့ပဲ့တွေများတယ်။ လက်နက်ကိုင်တွေနဲ့တွေ့ရင် ခံရတာပဲ။ အခုလည်း လမ်းဘေးမှာ မြင်မကောင်းဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အသတ်ခံရသည့် ရဲငါးဦးတွင် ရဲအုပ်တစ်ဦးပါဝင်ကြောင်း People’s Spring က အတည်ပြုနိုင်ပြီး ကျန်လေးဦးကို မသိရသေးပေ။ ရုပ်အလောင်းများကို စစ်ကောင်စီက ယနေ့ နေ့လယ်ပိုင်းတွင် သယ်ယူသွားပြီဖြစ်သည်။

အထက်ပါ ဖြစ်ရပ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့ က ပြုလုပ်သည်ကို ယနေ့ညအထိ သတင်းထုတ်ပြန်ခြင်း မတွေ့ရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။