Connect with us

Hi, what are you looking for?

News

အရာတော်မြို့နယ် သစ်ကျင်းကြီးရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်း တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

စခန်းသိမ်းတိုက်ပွဲမှာ ဧပြီ၁ ရက် နေ့လယ်၁ နာရီခန့်က ZERO ပြောက်ကျား တပ်ဖွဲ့(မြင်းခြံ) နှင့်အတူ သပြေညို၊ FALCON FORCE၊ အရာတော်ဘုန်းနိုင်၊ ပတ္တမြားညီနောင်အဖွဲ့များက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(သိမ်းဆည်းရမိသည့် ယာဥ်များကို တွေ့ရစဥ်၊ ဓာတ်ပုံ - ZERO ပြောက်ကျား တပ်ဖွဲ့)

စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် သက်ကြီးပြော

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာရှိ စစ်ကောင်စီတပ် စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ခေါင်းဆောင် သက်ကြီးက People’s Springသို့ ပြောသည်။

စခန်းသိမ်းတိုက်ပွဲမှာ ဧပြီ၁ ရက် နေ့လယ်၁ နာရီခန့်က ZERO ပြောက်ကျား တပ်ဖွဲ့(မြင်းခြံ) နှင့်အတူ သပြေညို၊ FALCON FORCE၊ အရာတော်ဘုန်းနိုင်၊ ပတ္တမြားညီနောင်အဖွဲ့များက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(သိမ်းဆည်းရမိသည့် ယာဥ်များကို တွေ့ရစဥ်၊ ဓာတ်ပုံ – ZERO ပြောက်ကျား တပ်ဖွဲ့)

“စခန်းကို ရွှေဘို နဲ့မုံရွာ ကတ္တရာလမ်းမကြီးပေါ်ကနေ ဝင်ပစ်တာ။သေတဲ့သူတွေ အလောင်းကို အာရာဖတ်ကားတစ်စီးနဲ့ တင်ပြေးတာ။ကျွန် တော်တို့လည်း လိုက်ပစ်သေးတယ်။ဒါပေမယ့် ပြည်သူတွေရှိနေတော့ ဆက်မလိုက်တော့တာ”ဟု ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) ခေါင်းဆောင်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲ ဖြစ်ပွားချိန်မှာ ၂ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ခုနစ် ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်။PDF ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက် မရှိခဲ့ကြောင်းလည်း ZERO ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

တိုက်ပွဲအတွင်း စစ်တပ်စခန်းကို သိမ်းဆည်းနိုင်ခဲ့သည့်အပြင် ဆိုင်ကယ်(၃) စီးသိမ်းဆည်း ရမိခဲ့ကာ စစ်ကောင်စီတပ်များက အယောင်ဆောင် အသုံးပြုလျက်ရှိသည့် လူနာတင်ယာဉ် လည်းလက်နက်ကြီးထိမှန် ပျက်စီးမီးလောင်ကျွမ်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။