Connect with us

Hi, what are you looking for?

LuduNwayOo

News

အရာတော်မြို့နယ် သစ်ကျင်းကြီးရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်း တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

စခန်းသိမ်းတိုက်ပွဲမှာ ဧပြီ၁ ရက် နေ့လယ်၁ နာရီခန့်က ZERO ပြောက်ကျား တပ်ဖွဲ့(မြင်းခြံ) နှင့်အတူ သပြေညို၊ FALCON FORCE၊ အရာတော်ဘုန်းနိုင်၊ ပတ္တမြားညီနောင်အဖွဲ့များက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(သိမ်းဆည်းရမိသည့် ယာဥ်များကို တွေ့ရစဥ်၊ ဓာတ်ပုံ - ZERO ပြောက်ကျား တပ်ဖွဲ့)

စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် သက်ကြီးပြော

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာရှိ စစ်ကောင်စီတပ် စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ခေါင်းဆောင် သက်ကြီးက People’s Springသို့ ပြောသည်။

စခန်းသိမ်းတိုက်ပွဲမှာ ဧပြီ၁ ရက် နေ့လယ်၁ နာရီခန့်က ZERO ပြောက်ကျား တပ်ဖွဲ့(မြင်းခြံ) နှင့်အတူ သပြေညို၊ FALCON FORCE၊ အရာတော်ဘုန်းနိုင်၊ ပတ္တမြားညီနောင်အဖွဲ့များက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(သိမ်းဆည်းရမိသည့် ယာဥ်များကို တွေ့ရစဥ်၊ ဓာတ်ပုံ – ZERO ပြောက်ကျား တပ်ဖွဲ့)

“စခန်းကို ရွှေဘို နဲ့မုံရွာ ကတ္တရာလမ်းမကြီးပေါ်ကနေ ဝင်ပစ်တာ။သေတဲ့သူတွေ အလောင်းကို အာရာဖတ်ကားတစ်စီးနဲ့ တင်ပြေးတာ။ကျွန် တော်တို့လည်း လိုက်ပစ်သေးတယ်။ဒါပေမယ့် ပြည်သူတွေရှိနေတော့ ဆက်မလိုက်တော့တာ”ဟု ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) ခေါင်းဆောင်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲ ဖြစ်ပွားချိန်မှာ ၂ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ခုနစ် ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်။PDF ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက် မရှိခဲ့ကြောင်းလည်း ZERO ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

တိုက်ပွဲအတွင်း စစ်တပ်စခန်းကို သိမ်းဆည်းနိုင်ခဲ့သည့်အပြင် ဆိုင်ကယ်(၃) စီးသိမ်းဆည်း ရမိခဲ့ကာ စစ်ကောင်စီတပ်များက အယောင်ဆောင် အသုံးပြုလျက်ရှိသည့် လူနာတင်ယာဉ် လည်းလက်နက်ကြီးထိမှန် ပျက်စီးမီးလောင်ကျွမ်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။