တနင်္သာရီတိုင်း မြိတ်မြို့မှ ပုလောဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီ ယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း ပုလော ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။
ဧပြီ ၅ရက် ညနေပိုင်းက စစ်ကောင်စီ၏ ယာဥ်ခြောက်စီးပါ ယာဉ်တန်းကို ပုလောမြို့နယ် ကဒဲရွာနှင့် သင်္ကန်းတောရွာအကြား ကဒဲတံတားအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။ ယင်းဖြစ်စဉ်တွင် စစ်ကောင်စီ ဘက်မှ တပ်ကြပ်ကြီးတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူအချို့ရှိကြောင်း ထုတ်ပြန် သည်။
“မြိတ်ကထွက်လာတဲ့ကားတွေကို မိုင်းသွားဆွဲတာ။ အပြန်အလှန်ပစ်ခတ် တာမျိုးတော့မရှိဘူး သူတို့ဘက်က ရမ်းသမ်းပစ်ခတ်တာပဲရှိတယ်”ဟု ပုလော PDF သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။