Connect with us

Hi, what are you looking for?

News

စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ တပ်ကြပ်ကြီးတစ်ဦးသေဟု ပုလော PDF ပြော

“မြိတ်ကထွက်လာတဲ့ကားတွေကို မိုင်းသွားဆွဲတာ။ အပြန်အလှန်ပစ်ခတ် တာမျိုးတော့မရှိဘူး သူတို့ဘက်က ရမ်းသမ်းပစ်ခတ်တာပဲရှိတယ်”ဟု ပုလော PDF သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

(ပုလော PDF ရဲဘော်များကို တွေ့ရစဥ်)

တနင်္သာရီတိုင်း မြိတ်မြို့မှ ပုလောဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီ ယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း ပုလော ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ဧပြီ ၅ရက် ညနေပိုင်းက စစ်ကောင်စီ၏ ယာဥ်ခြောက်စီးပါ ယာဉ်တန်းကို ပုလောမြို့နယ် ကဒဲရွာနှင့် သင်္ကန်းတောရွာအကြား ကဒဲတံတားအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။ ယင်းဖြစ်စဉ်တွင် စစ်ကောင်စီ ဘက်မှ တပ်ကြပ်ကြီးတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူအချို့ရှိကြောင်း ထုတ်ပြန် သည်။

“မြိတ်ကထွက်လာတဲ့ကားတွေကို မိုင်းသွားဆွဲတာ။ အပြန်အလှန်ပစ်ခတ် တာမျိုးတော့မရှိဘူး သူတို့ဘက်က ရမ်းသမ်းပစ်ခတ်တာပဲရှိတယ်”ဟု ပုလော PDF သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook