Connect with us

Hi, what are you looking for?

News

အိန္ဒိယက မြန်မာနိုင်ငံမှာ သံအမတ်အသစ်ခန့်အပ်လိုက်ပြီး သံအမတ်ခန့်အပ်လွှာကိုစစ်ကောင်စီထံပေး

သံအမတ် အသစ် အဖြစ် ခန့်အပ်ခံရသူ မစ္စတာ ဗီနေးကူးမားဟာ သူရဲ့ သံအမတ် ခန့်အပ်လွှာကို အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ထံ ဒီနေ့ မနက်ပိုင်းက နေပြည်တော်မှာ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

ဒီမိုကရေစီနိုင်ငံကြီးဖြစ်ပေမယ့် အာဏာသိမ်းစစ်ကောင်စီ ကို ပြတ်ပြတ်သားသားမဆန့်ကျင်တဲ့အတွက် ဝေဖန်ခံနေရတဲ့ အိန္ဒိယဟာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အသစ်ခန့်အပ်လိုက်ပါတယ်။

သံအမတ် အသစ် အဖြစ် ခန့်အပ်ခံရသူ မစ္စတာ ဗီနေးကူးမားဟာ သူရဲ့ သံအမတ် ခန့်အပ်လွှာကို အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ထံ ဒီနေ့ မနက်ပိုင်းက နေပြည်တော်မှာ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

အိန္ဒိယ နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလိုဒီမိုကရေစီ ဝါရင့် နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် အာဏာသိမ်းထားတဲ့ စစ်ကောင်စီကိုတော့ ပြတ်ပြတ်သားသားဆန့်ကျင်တာမျိုးမရှိပါဘူး။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကလည်း ဘင်္ဂလားပင်လယ်အော်ဒေသတွင်းနိုင်ငံတွေ စုဖွဲ့ထားတဲ့ ဘင်းစ်တက် ညီလာခံမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကိုတက်ခွင့်ပြုတဲ့အပေါ် အိန္ဒိယအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေဟာ ဝေဖန်ခံနေရပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွှတ်ရေးအစိုးရ အဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ဒီလိုအကျပ်အတည်းကာလမှာ အိန္ဒိယရဲ့ ရပ်တည်ချက်ကို မြန်မာပြည်သူတွေဟာမေ့ပျောက်သွားမှာမဟုတ်ကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ပြုလုပ်တဲ့ အင်တာဗျုးတစ်ခုမှာ ပြောထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

Facebook