Connect with us

Hi, what are you looking for?

News

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနဲ့ ဝန်ကြီးဟောင်း ဦးမင်းအောင်ကို မဲသမာမှုနဲ့ထောင် ၄ လ ချ

စစ်တွေအကျဉ်းထောင် အထူးတရားရုံးက အမိန့်ချရာမှာ ဒဏ်ငွေ ငါးသောင်း ပေးမဆောင်ရင် ထောင်ဒဏ် ၄ လ ကျခံရမယ်လို့ အမိန့်ချလိုက်တာပါ။

ရွေးကောက်ပွဲ မဲသမာမှုလုပ်တယ်ဆိုပြီး စစ်ကောင်စီက စွဲဆိုထားတဲ့အမှု နဲ့ NLD အစိုးရ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ပြည်နယ်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို ဒီနေ့မှာ ထောင်ဒဏ် ၄ လစီချလိုက်တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

စစ်တွေအကျဉ်းထောင် အထူးတရားရုံးက အမိန့်ချရာမှာ ဒဏ်ငွေ ငါးသောင်း ပေးမဆောင်ရင် ထောင်ဒဏ် ၄ လ ကျခံရမယ်လို့ အမိန့်ချလိုက်တာပါ။

ထောင်ဒဏ်အစား ဒဏ်ငွေပေးဆောင်လိုက်တယ်လို့လည်းသိရပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ဟာ ထောင်ဒဏ်အသီးသီးကျခံနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ကြီးချုပ်ဦးညီပုကို မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ထောင်ဒဏ် ၂ နှစ် ၊အဂတိပုဒ်မ နဲ့ ထောင်ဒဏ် ၉ နှစ် ချထားသလို ဦးမင်းအောင်ကိုလည်း အဂတိပုဒ်မနဲ့ ထောင်ဒဏ် ၇ နှစ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကြီးမြို့သို့ရောက်ရှိနေသည့် လားရှိုးမြို့မှစစ်ဘေးရှောင်တဦးအား ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးပြီး ထောင် ၇နှစ်ချလိုက်သည့်လုပ်ရပ်သည် လူထုကို ခြိမ်းခြောက်ခြင်းဟု တောင်ကြီးနှင့်လားရှိုးမြို့မှဒေသခံများကပြောသည်။

သတင်း

မတရားထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၏သမီး မမိုးဆန်းစုကြည် သည် ဩဂုတ် ၇ရက်က လွတ်ရက်စေ့ဖြင့် လွတ်မြောက်လာပြီးနောက် စစ်ကောင်စီက အမှုထပ်တိုးကာ ထပ်မံဖမ်းဆီးလိုက်သည်။

သတင်း

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတကာ

ထောင်ကို ရောက်ပြီး ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အခါ အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ အသက်အရွယ်ကြောင့်ရော၊ အရင်က နာတာရှည် ဝေဒနာတွေကြောင့်ပါ ကျန်းမာရေး အခြေအနေ အကောင်းဆုံး မဟုတ်တဲ့အတွက် ထောင်ရဲ့ ကုသဆောင်ဆီ ပို့ဆောင်ထားခဲ့ပါတယ်။