Connect with us

Hi, what are you looking for?

News

ရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီတပ်ဝင်လာ၍ မိသားစုကိုကယ်ထုတ်ရန် ကြိုးပမ်းသည့် PDFလူငယ်ရဲဘော်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရေလယ်ကျွန်းဒေသသို့ ဧပြီ ၂ ရက် ကတည်းက အကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၂၀ကျော်ဖြင့် နေ့စဥ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

(ရေလယ်ကျွန်းဒေသရှိ ကျေးရွာတစ်ရွာ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံနေရ စဥ်)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ကျေးရွာတစ်ရွာသို့ အကြမ်းစစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ မိသားစုကိုကယ်ထုတ်ရန် ကြိုးပမ်းခဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် လူငယ်ရဲဘော်တစ်ဦး ယမန်နေ့က ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရေလယ်ကျွန်းဒေသသို့ ဧပြီ ၂ ရက် ကတည်းက အကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၂၀ကျော်ဖြင့် နေ့စဥ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ယမန်နေ့ကလည်း ရေလယ်ကျွန်းရှိ ကျေးရွာတစ်ရွာသို့ အကြမ်းဖက်စစ်ကောင်စီ တ​ပ်များ ဝင်ရောက်လာစဥ် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဧပြီ၆ရက်နေ့က ရေလယ်ကျွန်းပေါ်က ရွာတစ်ရွာမှာ ပကဖ ရဲဘော် တစ်ယောက် စစ်ကောင်စီရဲ့ ယုတ်မာ ရက်စက်စွာ သတ်တာခံလိုက်ရတယ် ။ ခွေးတွေ ရွာဘက်လာလို့ ထွက်ပေါက်ကနေ ထွက်ဖို့ အမိန့်ပေးတာကို မိသားစုနဲ့ ကပ်တွယ်ပြီး မိသားစုကို ခေါ်ထုတ်ရင်းနဲ့ အချိန်မီမထွက်နိုင်ပဲ မိသွားတယ် ။ မိတဲ့ခါ အခြားသူတွေကို ဘာမှမလုပ်ပေမယ့် သူ့ကိုတော့ ဖမ်းခေါ်သွားပြီး ရွာအပြင်မှာ နဖူးတည့်တည့်ကိုတေ့ပစ်ပြီး သတ်သွားတယ် ။ ခွေးတွေ စခန်းချတဲ့ရွာနဲ့အရမ်းနီးပေမယ့် ရဲဘော်က ရဲဘော်မို့ ဦးနှောက်တွေ ပွင့်ထွက်နေတဲ့ အလောင်းကို ရအောင် သွားကောက်ပြီး နောက်ဆုံးခရီးကို ပို့ဆောင်ပေးခဲ့လိုက်တယ်။အမိန့်ပြန်တမ်းတွေ သူကြားမယ်လို့ မျှော်လင့်ပါတယ်။”ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)မှ ရဲဘော် မှိုင်းတေဇက အသိပေးသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်ဖျက်ဆီးခြင်းခံနေရသည့် ရေလယ်ကျွန်းဒေသတွင် အပြစ်မဲ့ပြည်သူ ငါးဦးထက်မနည်း ဖမ်းဆီး သတ်ဖြတ်ခံထားရပြီး အိမ်ပေါင်းရာချီ မီးရှို့ဖျက်ဆီးခံခဲ့ရာ လူဦးရေထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။