Connect with us

Hi, what are you looking for?

News

ရေလယ်ကျွန်း​ဒေသရှိ စစ်​ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့​သော ရွာများကို ပြည်သူ့ကာကွယ်​ရေးတပ်က ​ထောက်ပံ့မှုပြုလုပ်

ပြည်သူများမှမွေးဖွားလာသော ပြည်သူ့စစ်သားများဖြစ်သည့်အတွက် ပြည်သူမှ ပြည်သူသို့ ထောက်ပံ့ခြင်းအစီအစဥ်အဖြစ် ပြုလုပ်ရခြင်းဖြစ်ကြောင်း 27 Revolution Forceက ပြောသည်။

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းခံရသော ရေလယ်ကျွန်းဒေသရှိ ကျေးရွာအချို့သို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော 27 Revolution Forceက ထောက်ပံံ့ခြင်းအစီအစဥ် ပြုလုပ်ခဲ့သည်။

ပြည်သူများမှမွေးဖွားလာသော ပြည်သူ့စစ်သားများဖြစ်သည့်အတွက် ပြည်သူမှ ပြည်သူသို့ ထောက်ပံ့ခြင်းအစီအစဥ်အဖြစ် ပြုလုပ်ရခြင်းဖြစ်ကြောင်း 27 Revolution Forceက ပြောသည်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ အကြမ်းဖက်စစ်ကောင်စီတပ်များမှ ဧပြီ၂ ရက်မှ စတင်ကာဝင်ရောက်ခဲ့ပြီး အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယမန်နေ့ ဧပြီ ၆ရက်အထိ ရေလယ်ကျွန်းဒေသအတွင်းရှိ ကျေးရွာများမှ မီးလောင်ကျွန်းကျေးရွာမှ ၁၀အိမ်၊ ဖြုံဘူးကျေးရွာမှ ၅၆အိမ်၊ မိဖုရားကျေးရွာ နှစ်အိမ်၊ ဘိုကုန်းကျေးရွာ တစ်အိမ်၊တောင်ကုန်းကျေးရွာ ခုနစ်အိမ်၊ လှေခုတ်ကျေးရွာ ​ခြောက်အိမ်၊ ခြံယာအိမ် (၂)အိမ် စုစုပေါင်း အိမ်ပေါင်း ၈၄ အိမ်နှင့် စာကြည့်တိုက်တစ်တစ်ခုပါ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း 27 Revolution Forceက ပြောသည်။

Public Service Announcement

စစ်ကောင်စီတပ်များ၏ အများဆုံးမီးရှို့ခံရသော ဖြုံဘူးကျေးရွာအား 27 Revolution Force နှင့် အလှူရှင်တစ်ဦးမှ အလှူငွေ ၁၃သိန်းကျပ်နှင့် တောင်ကုန်းကျေးရွာအား 27 Revolution Force နှင့် အလှူရှင်တစ်ဦးမှအလှူငွေလေးသိန်းကျပ်ကို မီးဘေးသင့် ပြည်သူများအား ပေးအပ်ထောက်ပံ့ခဲ့ကြောင်း၊ စစ်ကောင်စီကြောင့် မီးဘေးသင့်ပြည်သူများကို လှူဒါန်းလိုပါက ကျေးရွာများသို့ ဆက်သွယ်၍ လည်းကောင်း 27 Revolution Force သို့ဆက်သွယ်၍ လည်းကောင်း ပေးပို့လှူဒါန်းနိုင်ကြောင်း 27 Revolution Forceက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ