Connect with us

Hi, what are you looking for?

News

လူထုသပိတ်​မှောက်မှုခံ​နေရ​သော မြန်မာပလာဇာကသင်္ကြန်ပွဲ​ဈေးတန်းဖွင့်

မြန်မာပြည်သူများ၏ လူမှုရေးပြစ်ဒဏ်ခတ်မှုခံထားရသည့် မြန်မာပလာဇာက စစ်ကောင်စီက ကျင်းပမည့် သင်္ကြန်ပွဲတော်ကို ယခု ထပ်မံပါဝင်လိုက်ခြင်းဖြစ်သည်။

တော်လှန်ရေးအင်အားစုများက အကြမ်းဖက်စစ်ကောင်စီဦးစီးကျင်းပမည့် သင်္ကြန်ပွဲတော်ကို မပါဝင်ရန် တောင်းဆိုနေကြချိန်တွင် ပြည်သူများ၏ သပိတ်​မှောက်မှုရင်ဆိုင်​နေရဆဲ မြန်မာပလာဇာက သင်္ကြကာလအတွင်း ပွဲဈေးတန်းတစ်ခုကို ဖွင့်လှစ်ထားကြောင်း ၎င်း၏ လူမူကွန်ယက်စာမျက်နှာတွင် ကြေညာသည်။

၂၀၂၁ နိုဝင်ဘာ ၂၅ ရက်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် လူငယ်များကို မြန်မာပလာဇာလုံခြုံရေးဝန်ထမ်းများက ထိုးကြိတ်ဖမ်းဆီးပြီးရဲလက်အပ်ရန်ကြိုးစားခဲ့သည်။ ထို​ကြောင့် မြန်မာပလာဇာကို ပြည်သူများနှင့် ပလာဇာရှိ ဆိုင်ရှင်များနှင့် ဈေးဝယ်သူများက ယခုချိန်ထိ့သပိတ်မှောက်ထားဆဲဖြစ်သည်။ထိုဖြစ်ရပ်ဖြစ်ပြီး​နောက်ပိုင်း မြန်မာပလာဇာသည်​ခြောက်ကပ်သွားပြီး ယခု​နောက်ပိုင်းဆိုင်များပြန်ဖွင့်​သော်လည်း ပြည်သူအများစုကသပိတ်​မှောက်ထားဆဲဖြစ်သည်။

မြန်မာပြည်သူများ၏ လူမှုရေးပြစ်ဒဏ်ခတ်မှုခံထားရသည့် မြန်မာပလာဇာက စစ်ကောင်စီက ကျင်းပမည့် သင်္ကြန်ပွဲတော်ကို ယခု ထပ်မံပါဝင်လိုက်ခြင်းဖြစ်သည်။

မြန်မာပလာဇာ အပြင်ဘက်ရေပန်းဧရိယာတွင် ညနေ ၄နာရီခွဲမှာ ည ၈နာရီအထိ ဧပြီ ၁ ရက်မှာ စတင်ပြီး သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက် (ဧပြီ ၁၇ ရက်) အထိပြုလုပ်သွားမည်ဟု​ကြော်ငြာထားသည်။

Public Service Announcement

Public Service Announcement

Nite Market ဟုအမည်ပေးထားသည့် ထိုဈေးတန်းတွင် အစားအသောက်များရရှိမည့်အပြင် Unplugged တေးဂီတများလည်းနားဆင်နိုင်မည်ဟုဆိုသည်။ကလေးများဆော့ကစားနိုင်မည့် သင်္ဘောပုံရဲတိုက် Bouncing Castleဖန်တီးထားပေးထားပြီး ဂီတကို ဝါသနာပါသူတိုင်း ကိုယ်တိုင်ဝင်ရောက်သီဆိုနိုင်ရန်လည်း စီစဉ်ထားသည့်ဟု မြန်မာပလာဇာက ယနေ့တွင်၎င်းတို့၏ ​ဖေစ်ဘွခ်စာမျက်နှာတွင်ထုတ်ပြန်ထားသည်။

“လူထုကသပိတ်မှောက်ကန့်ကွက်ထားတဲ့ ပလာဇာက စစ်ကောင်စီကျင်းပမယ့် သင်္ကြန်မှာ အခုလို အားတတ်သဘောပါဝင်ပေးတာ။ တော်လှန်ရေးရဲဘော်တွေကို စိန်ခေါ်ရာရောက်ပါတယ်။”ဟု ရန်ကင်းမြို့တွင်နေထိုင်သူတစ်ဦးကပြောသည်။

စစ်ကောင်စီဦးဆောင်းကျင်းပသည့် သင်္ကြန်ကို မပါဝင်ရန် နှိုးဆော်ထားသည့်အတိုင်းလူထုအနေဖြင့် စစ်ကောင်စီ သင်္ကြန်ပွဲများနှင့်ခပ်ဝေးဝေးနေသင့်သည်ဟုလည်း ၎င်းကဆက်​ပြောသည်။

“ဘာလဲ အဲ့တာတွေနဲ့ဆွဲဆောင်ပြီး အဖမ်းခိုင်းမို့မဟုတ်လား ဘောမပလာစတာရဲ့ ” ဟု ပြည်သူတစ်ဦးက မြန်မာပလာဇာ​ကြော်ငြာ​အောက်တွင် မှတ်ချက်​ပေးထားသည်။

အခြားပြည်သူတစ်ဦးကလည်း “မမေ့လိုက်ကြနဲ့နော် ဘောမပလာဇာ”ဟုမှတ်ချက်ပြုထားသည်။

မြန်မာပလာဇာသည် ဗီယက်နိုင်ငံမှ ​ဟောင်အင်ဂရီလာအုပ်စုကရင်းနှီးမြှပ်နှံဖွင့်လှစ်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ သင်္ကြန်ကာလအတွင်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တစ်ဦး ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးကာ ရုပ်အလောင်းကို ချင်းတွင်းမြစ်အတွင်းကပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို အာဏာသိမ်းစစ်ကောင်စီတပ်က သင်္ကြန်ကာလ လေးရက်အတွင်းမှာ နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၆ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားပါတယ်။

သတင်း

ကရင်ပြည်နယ်​၊ ဖာပွန်ခရိုင် ၊ KNU တပ်မဟာ (၅) နယ်မြေကို သင်္ကြန်ကာလအတွင်း စစ်ကောင်စီလေတပ်က နေ့စဉ်နီးပါး ဗုံးကြဲ တာကြောင့် သုံးရက်အတွင်းအရပ်သား လေးဦး သေဆုံးခဲ့ရတယ်လို့ တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေးမှာ သင်္ကြန်ပွဲလာရောက်ဖျော်ဖြေတဲ့ ဇာတ်ပို့သရုပ်ဆောင်မင်းဇော် ဖျော်ဖြေရေးစင်မြင့်မှာလဲကျရာက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။