Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်အမြစ်ဖြတ်ရေး ပူးပေါင်းဆောင်ရွက်ရန် GSCBနှင့် MBUတို့ မဟာမိတ်ဖွဲ့

စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရာတွင် တော်လှန်ရေးအောင်မြင်သည်အထိ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း GSCB နှင့် MBU တို့က ပူးတွဲကြေညာသည်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB) နှင့် မြန်မာနိုင်ငံဘဏ် ဝန်ထမ်းများ သမဂ္ဂ(MBU)တို့သည် ပြီးခဲ့သည့် ဧပြီ ၂ ရက်တွင် မဟာမိတ်အဖွဲ့များအဖြစ် သဘောတူခဲ့ပြီး စစ်အာဏာရှင် အမြစ်ချေမှုန်းမည့် အကြမ်းမဖက်လှုပ်ရှားမှုများတွင် အတူတူတကွပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။

GSCB သည် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေးအတွက် နိုင်ငံရေးမူ(၄) ချက်ဖြင့် ရည်မှန်းချက် ပန်းတိုင်ရောက်အောင် စဉ်ဆက်မပြတ် လှုပ်ရှားနေပြီး တော်လှန်ရေးအတွင်း မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် စံတန်ဖိုးများနှင့် သွေဖည်ခြင်းမရှိသော အင်အားစုများနှင့် ပူးပေါင်းဆောင် ရွက်နေကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အမှတ်တရ နှင်းဆီလှုပ်ရှားမှုကို စစ်တပ်ဘက်က မတရားဖမ်းဆီး အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်နေတာကြောင့် လုံခြုံရေး သတိပြုကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေး အင်အားစု (GSCB) ကအသိပေးထားပါတယ်။

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်အပြင် ဖိုဝါဒနဲ့ ဖိနှိပ်မှုမှန်သမျှကိုလည်း ဆန့်ကျင်တော်လှန်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ မတ်လ ၈ရက်မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။