Connect with us

Hi, what are you looking for?

News

ပဲခူးခရိုင်PDFကစစ်ကောင်စီယာဉ်တန်းအား အမြန်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ယာဥ်တစ်စီးပျက်စီးကာ သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများလည်းရှိသည်ဟု ထုတ်ပြန် သည်။

●ဒိုက်ဦးမြို့စျေးရှိ သကြ်န်မဏ္ဍပ်ကို သတိပေးဖောက်ခွဲ

ပဲခူးခရိုင် PDF မှ စစ်ကောင်စီယာဥ်တန်းအား အမြန်လမ်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(ဧပြီ ၁၂)ထုတ် ပြန်သည်။

ယနေ့ညနေ ၅ နာရီ ၄၀ မိနစ်တွင်စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်လိုက်ပါလာသော စစ်ကောင်စီယာဥ်တန်းအား အမြန်လမ်း မိုင်တိုင် (၅၀)၊ ၂ ဖာလုံ၌ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ယာဥ်တစ်စီးပျက်စီးကာ သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများလည်းရှိသည်ဟု ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကိုပဲခူးခရိုင်PDFတပ်ရင်း(၁)တပ်ခွဲ(၂)PDF-Bago မှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နောက်ဆက်တွဲသတင်းအား ဆက်လက်စုံစမ်းနေဆဲဖစ်ကြောင်း အသိပေးသည်။

အလားတူ ယနေ့(ဧပြီ ၁၂)ညနေ ၃ နာရီခွဲခန့်တွင် ပဲခူးခရိုင် PDF တပ်ရင်း(၁)၊ တပ်ခွဲ(၁)မှလည်း ဒိုက်ဦးမြို့နယ် မြို့မဈေးကြီးရှေ့၌ အကြမ်းဖက်စစ်ကောင်စီမှ ဆောက်လုပ်ထားသော သင်္ကြန်မဏ္ဍာပ်အား မိုင်းဖြင့်သတိပေးတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ပဲခူးတိုင်း PDFတပ်ရင်းများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား ယခုထက်ပိုမိုပြီး အရှိန်အဟုန်မြင့်တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် တော်လှန်သင်္ကြန်တွင်ပူးပေါင်းပါဝင်၍ အကြမ်းဖက်စစ်ကောင်စီမှ ပြုလုပ်သော ပျော်ပွဲရွှင်ပွဲများနှင့် အဝေးဆုံးတွင်နေပေးကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။