Connect with us

Hi, what are you looking for?

News

ရွာမီးရှို့ဖျက်ဆီးခဲ့သောစစ်​ကောင်စီတပ်ကို PDF ငါးဖွဲ့ပူး​ပေါင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ပြည်သူ့နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်စစ်တပ်အား ဒေသတွင်း PDF ငါးဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အမိမြေ-တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

(ဘန့်ဘေးရွာ ရေသောက်ကန်တောတိုက်မှနေအိမ်များအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်)

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာအနီး လေညှင်းတောင်ဘုရားကုန်းတွင် ကင်းပုန်းချကာ တပ်စွဲထားသည့် အင်အား၂၀ နီးပါးရှိ အကြမ်းဖက်စစ်ကောင်စီတပ်အား ယမန်​နေ့ (ဧပြီလ ၁၂ ရက်နေ့)က အမိမြေ-တော်လှန်ရေးတပ်ဖွဲ့နှင့်အတူ မုံရွာခရိုင်တပ်ရင်း(၂) ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၃) ၊ မြောက်ယမားတပ်ဖွဲ့ ၊Yoma Fighter တပ်ဖွဲ့တို့ဖြင့် ပူးပေါင်း၍ သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် (၁) နာရီနီးပါးခန့် ရှိကြောင်း ရှေ့တန်းသတင်းပေးပို့ချက်အရ သတင်းတင်ပြအပ်ပါသည်ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

(ဘန့်ဘေးရွာ ရေသောက်ကန်တောတိုက်မှနေအိမ်များအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်)

“လေညှင်းတောင်က စစ်ခွေးကင်းကို ဝင်တိုက်တာပါ။ မနေ့ညက ၇ နာရီဝန်းကျင်လောက်မှာ ထိတွေ့မှု စဖြစ်တာ တစ်နာရီနီးပါးကြာတယ်။ ညနေလောက်ကျရင်တော့ တိုက်ပွဲအသေးစိတ် အသိပေးနိုင်မှာပါ။ အခင်းဖြစ်နေရာက မုံရွာ-ပုသိမ်လမ်းရဲ့ အနောက်နား သိပ်မဝေးဘူး။ ဘန့်ဘွေးရွာနားဝန်းကျင်မှာ ထိတွေ့မှုက ခဏခဏဖြစ်တယ်။”ဟု အမိမြေ တော်လှန်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံက ပြောသည်။

ဘန့်ဘွေးရွာသည် မုံရွာမြို့အထွက် ချင်းတွင်းတံတားကို ကျော်လာပြီး ၁၀မိုင်ခန့်အကွာတွင်တည်ရှိပြီး အကြမ်းဖက်စစ်ကောင်စီက မကြာခဏလာရောက်ဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိ​သည်။ မတ်လဆန်းကတည်းက ဘန့်ဘွေးရွာတွင် စစ်တပ်က အချိန်တစ်လကျော်ကြာ တပ်စွဲထားပြီး ဧပြီလ ၁ဝ ရက်နေ့က ကျေးရွာရှိ ရေသောက်ကန်တောတိုက်ကို မီးရှိူ့ဖျက်ဆီးခဲ့ရာ ​နေအိမ်၃၀ ကျော် ပြာကျပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook