Connect with us

Hi, what are you looking for?

LuduNwayOo

News

သထုံနှင့် ဘီးလင်းတွင် KNU/PDF ပူးပေါင်းတပ် တိုက်ခိုက်မှုကြောင့် တစ်လနီးပါးအတွင်း စစ်ကောင်စီတပ်၂၂ဦးသေ

သွားရောက်တိုက်ခိုက်ခဲ့သည့် ၉ ကြိမ်အတွင်း စစ်ကောင်စီဘက်မှ ၂၂ ဦးသေဆုံးပြီး ၁၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းပြီး သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်ရှိစစ်ကောင်စီတပ်များအား တိုက်ခိုက်ခဲ့ရာ တစ်လနီးပါးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ဦး သေဆုံးခဲ့သည်ဟု သထုံ PDFက ထုတ်ပြန်သည်။

မတ်လ ၂၃ရက်မှ ဧပြီ ၁၇ရက်အထိ KNLA/PDF ပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်းနှင့် တပ်စွဲရာ နေရာများကို ၉ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သွားရောက်တိုက်ခိုက်ခဲ့သည့် ၉ ကြိမ်အတွင်း စစ်ကောင်စီဘက်မှ ၂၂ ဦးသေဆုံးပြီး ၁၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုရှိမရှိကိုမူ ဖော်ပြမထားပေ။

ယခင်ထုတ်ပြန်သည့် သတင်းများအရ KNU/PDF ပူးပေါင်းတပ်များသည် သထုံနှင့် ဘီးလင်းရှိ စစ်ကောင်စီတပ်စခန်းများကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်မှ ကျဆုံးထိခိုက်မှုမရှိခဲ့ဟုဆိုသည်။