Connect with us

Hi, what are you looking for?

News

သထုံနှင့် ဘီးလင်းတွင် KNU/PDF ပူးပေါင်းတပ် တိုက်ခိုက်မှုကြောင့် တစ်လနီးပါးအတွင်း စစ်ကောင်စီတပ်၂၂ဦးသေ

သွားရောက်တိုက်ခိုက်ခဲ့သည့် ၉ ကြိမ်အတွင်း စစ်ကောင်စီဘက်မှ ၂၂ ဦးသေဆုံးပြီး ၁၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းပြီး သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်ရှိစစ်ကောင်စီတပ်များအား တိုက်ခိုက်ခဲ့ရာ တစ်လနီးပါးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ဦး သေဆုံးခဲ့သည်ဟု သထုံ PDFက ထုတ်ပြန်သည်။

မတ်လ ၂၃ရက်မှ ဧပြီ ၁၇ရက်အထိ KNLA/PDF ပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်းနှင့် တပ်စွဲရာ နေရာများကို ၉ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သွားရောက်တိုက်ခိုက်ခဲ့သည့် ၉ ကြိမ်အတွင်း စစ်ကောင်စီဘက်မှ ၂၂ ဦးသေဆုံးပြီး ၁၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုရှိမရှိကိုမူ ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

ယခင်ထုတ်ပြန်သည့် သတင်းများအရ KNU/PDF ပူးပေါင်းတပ်များသည် သထုံနှင့် ဘီးလင်းရှိ စစ်ကောင်စီတပ်စခန်းများကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်မှ ကျဆုံးထိခိုက်မှုမရှိခဲ့ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။