Connect with us

Hi, what are you looking for?

LuduNwayOo

News

ပညာမျှဝေပေးရေးအဖွဲ့ Peace Corps၏ မြန်မာပြည်ရုံး ပိတ်သိမ်းတော့မည်ဟု ကြေညာ

Peace Corps သည် ၂၀၁၆ မှစတင်ကာ မြန်မာကျောင်းသားလူငယ်များကို စုစုပေါင်းစေတနာ့ ဝန်ထမ်း ၈၇ဦးဖြင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အင်္ဂလိပ်စာပညာရေး သင်ကြားပေးခဲ့သော အဖွဲ့အစည်း ဖြစ်သည်။

ပညာမျှဝေပေးရေးအဖွဲ့ Peace Corps၏ အမေရိကန်စေတနာ့ဝန်ထမ်း ပညာမျှဝေသင်ကြား ပေးနေစဥ်၊ဓာတ်ပုံ - Peace Corps Myanmar

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ မတည်ငြိမ်မှုများကြောင့် ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်

အမေရိကန်မှ ပညာမျှဝေပေးရေးအဖွဲ့ Peace Corps ၏ မြန်မာပြည်ရုံးကို ပိတ်သိမ်းတော့မ ည်ဟု အမှုဆောင်အရာရှိချုပ် Carol Spahn က ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။

“မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုက ဖန်တီးလိုက်တဲ့ ဆက်လက်ဖြစ်ပေါ်နေဆဲ မတည်ငြိမ်မှု၊ ဆူပူအုံကြွမှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် Peace Corps အနေနဲ့ စေတနာ့ဝန်ထမ်းတွေ လုံခြုံစွာအိမ်ပြန်ရောက်ရှိဖို့ အစီအစဉ်မချနိုင်ပါဘူး။ သေချာစဉ်းစားပြီးနောက်မှာ ကျွန်တော်တို့ ရဲ့ Peace Corps မြန်မာပြည်ရုံးကို ပိတ်သိမ်းခြင်းလုပ်ငန်းစဉ်ကို အခုစတင်နေပါပြီ” ဟု Carol Spahn က ပြောသည်။

ပညာမျှဝေပေးရေးအဖွဲ့ Peace Corps၏ အမေရိကန်စေတနာ့ဝန်ထမ်း ပညာမျှဝေသင်ကြား ပေးနေစဥ်၊ဓာတ်ပုံ – Peace Corps Myanmar

Peace Corps သည် ၂၀၁၆ မှစတင်ကာ မြန်မာကျောင်းသားလူငယ်များကို စုစုပေါင်းစေတနာ့ ဝန်ထမ်း ၈၇ဦးဖြင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အင်္ဂလိပ်စာပညာရေး သင်ကြားပေးခဲ့သော အဖွဲ့အစည်း ဖြစ်သည်။

ပြီးခဲ့သည့် NLD အစိုးရလက်ထက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ပညာရေးစနစ်မြှင့် တင်ခြင်း၊ ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ပညာမျှဝေပေးရေးအဖွဲ့ Peace Corps၏ အမေရိကန်စေတနာ့ဝန်ထမ်း ပညာမျှဝေသင်ကြား ပေးနေစဥ်၊ဓာတ်ပုံ – Peace Corps Myanmar

Peace Corps မြန်မာပြည်ရုံး လုပ်ငန်းလည်ပတ်ကာလအတွင်း ကူညီပေး ခဲ့သော အမေရိကန်သံရုံးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော မြန်မာပြည်သူများကို ကျေးဇူးတင်ကြောင်းနှင့် ဘေးကင်းလုံ ခြုံသော ပြန်လာနိုင်သည့် အခြေအနေပေးပါက မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ရန် အသင့်ရှိ ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အမေရိကန်သမ္မတ John F. Kennedy က Peace Corps ကို ၁၉၆၁ တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၁၄၂ နိုင်ငံတွင် အမေရိကန်စေတနာ့ဝန်ထမ်းပေါင်း ၂၄၀,၀၀၀ ကျော်က ပညာမျှဝေ သင်ကြားပေးခဲ့သည်။