Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရ၊ ခြောက်ဦးသေ လေးဦးဒဏ်ရာရဟုဆို

အကြမ်းဖက်စစ်ကောင်စီက ထီးချိုင့်မြို့နယ်အား အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ပြီးနောက် ပြည်သူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ထီးချိုင့်မြို့နယ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Eagles Army – HPDF က ယနေ့(ဧပြီ ၂၁) ထုတ်ပြန် သည်။

ယနေ့နံနက် ၄ နာရီခန့်တွင် ထီးချိုင့်မြို့နယ်အရှေ့ခြမ်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ တုံလုံ​ကျေးရွာသို့ ဝင်ရောက်ကာ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးပြီးအပြန်လမ်းမှစောင့်ကြို၍ မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း HPDF က ပြောသည်။

“စကစတပ်တွေက မနက် ၄ နာရီလောက်က တုံလုံရွာကိုရောက်တာဗျ။ ရောက်ပြီးတော့ ပြည်သူနေအိမ် တစ်လုံးကို မီးထပ်ရှို့ပြန်တာ။ အစောကလည်း ခဏခဏရှို့တာတွေ အိမ်တွေကိုဖျက်ဆီးတာတွေတော်တော်များတယ်”ဟု HPDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

တုံလုံ​ကျေးရွာသို့ ဝင်မွှေသည့် စစ်ကောင်စီတပ်များ သည် ယနေ့နံနက် ၁၀နာရီခန့်တွင် မိုးပြာဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးသို့ ကြိုပွိုင့်ထွက်လာစဥ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက ထီးချိုင့်မြို့နယ်အား အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ပြီးနောက် ပြည်သူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook