Connect with us

Hi, what are you looking for?

LuduNwayOo

News

KNU ခရိုင်အဆင့်ဝန်ထမ်းနဲ့အရာရှိတွေကို ပြည်သူ့အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းရည်မြင့်သင်တန်းပေး

ခေါင်းဆောင်မှု၊ အုပ်ချုပ်မှုနဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှု စီမံခန့်ခွဲရေးစွမ်းရည်တွေ မြင့်တင်ဖို့ရည်ရွယ်ပြီး ဖာပွန်ခရိုင်မှာ မတ်လ ၂၈ ကနေ ဧပြီ ၂၂ ရက်အထိ တစ်လနီးပါးကြာ ကျင်းပလုပ်ဆောင်ခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ခရိုင်အဆင့် ဝန်ထမ်းတွေနဲ့ အရာရှိတွေအတွက် ပြည်သူ့အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းရည်မြင့်သင်တန်းကို ကေအဲန်ယူ-ဖာပွန်ခရိုင်အတွင်းမှာ ပေးခဲ့ပြီးဖြစ်တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

ခေါင်းဆောင်မှု၊ အုပ်ချုပ်မှုနဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှု စီမံခန့်ခွဲရေးစွမ်းရည်တွေ မြင့်တင်ဖို့ရည်ရွယ်ပြီး ဖာပွန်ခရိုင်မှာ မတ်လ ၂၈ ကနေ ဧပြီ ၂၂ ရက်အထိ တစ်လနီးပါးကြာ ကျင်းပလုပ်ဆောင်ခဲ့တာပါ။

ဒီသင်တန်းကိုတော့ ကေအဲန်ယူရဲ့ မြောက်ပိုင်းခရိုင်လေးခုဖြစ်တဲ့ သထုံ၊ တောင်ငူ၊ ညောင်းလေးပင်နဲ့ ဖာပွန်ခရိုင်ထဲက လူငယ်အချို့အပါအဝင် အရပ်ဖက်အုပ်ချုပ်ရေးနဲ့ စစ်ဖက်ဆိုင်ရာက လူလတ်ပိုင်းခေါင်းဆောင် စုစုပေါင်း အယောက် ၄၀ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

တစ်လတာကာလအတွင်း ပြည်သူ့ရေးကာမူဝါဒနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ ကောင်းမွန်တဲ့အုပ်ချုပ်မှုတို့ရဲ့ အခြေခံသဘောတရားနဲ့တကွ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ သဘာ၀ပတ်ဝန်းကျင်နဲ့ သယံဇာတဆိုင်ရာ စီမံအုပ်ချုပ်မှု၊ ပြည်သူ့ဆက်ဆံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ သင်ခန်းစာတွေကို ပို့ချပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“သင်တန်းကာလအတွင်း လက်ရှိ ကေအဲန်ယူဒေသတွင်းနိုင်ငံရေး၊ လုံခြုံရေး အခြေအနေတွေကို သုံးသပ်တဲ့ စကားဝိုင်း၊ ကရင့်တော်လှန်ရေးရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးဆိုင်ရာ နိုင်ငံရေး အာသီသ၊ မျှော်မှန်းချက်နဲ့ နားလည်မှုပေါ် အခြေခံတဲ့ နိုင်ငံရေးစကားစစ်ထိုးပွဲတွေကိုလည်း ကျင်းပပြီး လေ့ကျင့်သင်ယူစေခဲ့ပါတယ်” လို့ သင်တန်းကို ဦးဆောင်စီစဉ်ခဲ့သူတစ်ဦးဖြစ်တဲ့ စောကပီက ပြောပါတယ်။

ဖာပွန်ခရိုင်အတွင်းရေးမှူး ပဒိုစောလေးတောကတော့ “ဒီလို သင်တန်းမျိုးကို ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်တွေထဲကတစ်ခုကတော့ ကေအဲန်ယူကရင်အမျိုးသား အစည်းအရုံးရဲ့ အုပ်ချုပ်နယ်မြေတွေမှာ အုပ်ချုပ်မှု၊ ပြည်သူ့ရေးရာ၀န်ဆောင်မှုနဲ့ စီမံခန့်ခွဲရေးလုပ်ငန်တွေကို ပိုပြီး ထိရောက်စွာ စွမ်းဆောင်နိုင်ဖို့ဖြစ်တယ်” လို့ ဆိုပါတယ်။

ကေအဲန်ယူ ခရိုင်လေးခရိုင်က သင်တန်းတက်ရောက်လာကြတဲ့ သင်တန်းသားတွေကလည်း အဖွဲ့လိုက်ခွဲပြီး မိမိတို့သက်ဆိုင်ရာဒေသရဲ့ အုပ်ချုပ်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့ကာ အတွေ့အကြုံအမြင်တွေကို အပြန်အလှန်တင်ပြ ဆွေးနွေးကြတယ်လို့ သိရပါတယ်။

နောက်ထပ်ပြီး ကျန်ရှိနေတဲ့ ကေအဲန်ယူတောင်ပိုင်းခရိုင်သုံးခုဖြစ်တဲ့ ဖားအံ၊ ဒူးပလာယာနဲ့ ဘိတ်ထားဝယ်ခရိုင်က လူငယ်တွေကိုလည်း ဒီလိုသင်တန်းမျိုးကို ထပ်မံပြုလုပ်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါသေးတယ်။

အခုလို သင်တန်းဖြစ်မြှောက်ဖို့အတွက် ကေအဲန်ယူမူတြော်(ဖာပွန်)ခရိုင်က စီစဉ်ပြီး School of Governance and Public Administration (SGPA) က ပညာရပ်ဆိုင်ရာအထောက်အကူတွေ ပံ့ပိုးပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းခြင်းရဲ့ အကျိုးဆက်ကြောင့် ကေအဲန်ယူအုပ်ချုပ်တဲ့ နယ်မြေတွေမှာ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုတွေဖြည့်ဆည်းဖို့ အရင်ကထက် များစွာလိုအပ်လာတာဖြစ်တယ်။

ကေအဲန်ယူဗဟိုနဲ့ ခရိုင်ခေါင်းဆောင်တွေကလည်း မိမိတို့အုပ်ချုပ်နယ်မြေအတွင်းမှာ အရေးတကြီးလိုအပ်နေတဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို ပိုမိုဆောင်ရွက်နိုင်ဖို့ ခရိုင် ကျေးရွာအဆင့် ပြည်သူ့ဝန်ထမ်းတွေ သက်ဆိုင်ရာဌာနဆိုင်ရာတွေရဲ့ စွမ်းဆောင်ရည်မြင့်တင်ရေးလုပ်ငန်းတွေကို အားစိုက်ဆောင်ရွက်လျက်ရှိတယ်လို့ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။