Connect with us

Hi, what are you looking for?

News

သာယာဝတီခရိုင် PDFက စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ရာ ငါးဦးသေ

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီစစ်ကြောင်းမှ စကစအဖွဲ့ဝင် ငါးဦးသေဆုံးပြီး အချို့အပြင်းအထန်ဒဏ်ရာရှိခဲ့သည်ဟု ထုတ်ပြန်သည်။

သာယာဝတီခရိုင် PDFတပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းခွဲတိုက် ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲမှ ယနေ့ (ဧပြီ ၂၃)ထုတ်ပြန်သည်။

ယနေ့နံနက် ၈ နာရီခန့်က နတ္တလင်းမြို့နယ် ဂွေ့ကြီးရွာနှင့် ကျောက်ပြုတ်​ကျေးရွာကြား စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁) တပ်ခွဲ (၃)မှ MRF တပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

Public Service Announcement

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီစစ်ကြောင်းမှ စကစအဖွဲ့ဝင် ငါးဦးသေဆုံးပြီး အချို့အပြင်းအထန်ဒဏ်ရာရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ပဲခူးတိုင်း PDF တပ်ရင်းများအနေဖြင့် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ယန္တရားများကို တိုးမြှင့်တိုက်ပွဲဖော်ဆောင်နေပြီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ မပြုလုပ်ကြပါရန် အလေးနက်တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook