Connect with us

Hi, what are you looking for?

News

စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး စစ်မှန်ပုံမရဘူးလို့ KNU ဆို

စစ်ကောင်စီခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုဖိတ်ခေါ်ခဲ့တာပါ။

စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တွေမပါတာကြောင့် စစ်မှန်တဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုမဟုတ်ကြောင်း KNU အလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်းကပြောလိုက်ပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုဖိတ်ခေါ်ခဲ့တာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သူကိုယ်တိုင်တွေ့ဆုံမယ်လို့ စစ်ကောင်စီခေါင်းဆောင်က လူလုံးထွက်ပြပြီး မိန့်ခွန်းပြောခဲ့ပါတယ်။

KNU အလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်းက စစ်ကောင်စီရဲ့ဖိတ်ခေါ်မှုဟာ ပရိယာယ်သာဖြစ်တယ်လို့သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

“PDFမပါဘဲနဲ့ တိုင်းရင်းသားEAO ပဲရပြီထား ၊ဒါကြီးက ပြေငြိမ်းမှာလား ၊ မရဘူး ဒီလိုပဲဆက်သွားနေမှာပဲ။ တစ်စုံတစ်ရာကို အချိုသတ်လိုက်တဲ့ပုံပဲ၊ သူ့အကွက်ထဲပဲ ပြန်ဝင်မှာပဲ။ အဲလိုမျိုးဟာကြီးကို သူကလုပ်တာဗျ၊သူလုပ်သမျှ ကျနော်တို့ကြည့်နေတယ်ဗျ” လို့ ပဒိုစောသမိန်ထွန်းကပြောပါတယ်။

ဒါအပြင် ဒီဖိတ်ခေါ်မှုဟာ စစ်မှန်ပုံ မပေါ် ကြောင်း ပြောပါသေးတယ်။

“သူဟာ တကယ်စစ်မှန်တဲ့ နည်းဗျူဟာမဟုတ်ဘူး၊ သူဟာ နည်းပရိယာယ်တွေများတာ” လို့ ပဒိုစောသမိန်ထွန်းက ပြောပါတယ်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု တောက်လျောက်မှာလည်း စစ်တပ်ဟာ သူတို့ လိုချင်တဲ့ပုံစံမျိုးကိုအချိန်ဆွဲပြီး ဆွေးနွေးခဲ့ပြီး ရလဒ်မထွက်ဘူးလို့လည်းဆိုပါတယ်။

“ငြိမ်းချမ်းရေးက ခေါ်လာတာ ဟိုးအရင်ကတည်းက၊ ဒါပေမယ့် မရပါဘူး၊ နောက်ဆုံးတော့ သူတို့လိုချင်တဲပုံကိုပဲဆွဲပြီး ကျနော်တို့လိုချင်တဲ့ပုံမရဘူး၊ ကျွန်တော်တို့လိုချင်တဲ့ပုံဆိုတာက ထာဝရငြိမ်းချမ်းရေး စဉ်ဆက်မပြတ်ငြိမ်းချမ်းရေးရရှိဖို့နဲ့ တကယ့်ပြည်ထောင်စုကြီးမှာ တန်းတူရည်တူအခွင့်အရေးတွေပေးပြီးမှ စနစ်တကျနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ” လို့ပြောပါတယ်။

KNU အနေနဲ့ တော်လှန်ရေးမှာ မဟာဗျူဟာ၊ နည်းဗျူဟာချမှတ်ထားပြီး ချမှတ်ထားတဲ့အပေါ်မှာ တစိုက်မတ်မတ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပဒိုစောသမိန်ထွန်းက အတိအလင်းပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook