Connect with us

Hi, what are you looking for?

LuduNwayOo

News

ကလေးမြို့တောင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ ၁၃ဦးထက်မနည်းသေဟု PDF ပြော

နေ့လည် ၃ နာရီခန့်အထိ ချောင်းခွရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်သား အနည်းဆုံး ၈ဦးခန့် သေဆုံးကာ ပူးပေါင်းတပ်ဖွဲ့များဖက်မှ ပ.က.ဖ ရဲဘော် တစ်ဦး အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရပြီး နှစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း PDF (Kalay) က အသိပေးသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ ၁၃ဦးထက်မနည်းသေဆုံးကြောင်း People’s Defence Force (Kalay) က ထုတ်ပြန်သည်။

ယမန်နေ့(ဧပြီ ၂၄ ရက်) နံနက်ပိုင်းကစ၍ ကလေးမြို့မှ ကလေးမြို့နယ် တောင်ပိုင်းဘက်သို့ ကား ၆စီး၊ အင်အား ၁၅၀ ၀န်းကျင်ခန့်ဖြင့် ခြေလျင်စစ်ကြာင်းနှင့် ​နောက်ချန်ယာဉ်တန်းများခွဲ၍ စစ်ကြာင်းထိုးလာခဲ့သည်။

ထို့နောက် နေ့လယ် ၁၂နာရီ ၀န်းကျင်မှစတင်၍ စည်သာရွာနှင့် နတ်​မြောင်းရွာအကြားတွင် PDF (Kalay)တပ်ဖွဲ့များက အသင့်တပ်ဆင်ထားသော မိုင်းများဖြင့် အဆင့်ဆင့်​ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား အနည်းဆုံး ငါးဦး သေဆုံးပြီး ကားတစ်စီး မိုင်းထိမှန်ပျက်စီး၍ လမ်းဘေး​ချောက်အတွင်း ထိုးဆင်းသွားကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ယမန်နေ့ညပိုင်းတွင် နတ်​ချောင်းရွာတွင် ညအိပ်တပ်စွဲခဲ့​ပြီး ယနေ့ (ဧပြီ ၂၅ ရက်) နံနက် ၁၀နာရီ၀န်းကျင်တွင် နတ်ချောင်းရွာမှတဆင့် တောင်ပိုင်းသို့ဦးတည်၍ ထွက်ခွာလာစဉ် PDF (Kalay) ၊ CNDF ၊ RKDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

နေ့လည် ၃ နာရီခန့်အထိ ချောင်းခွရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်သား အနည်းဆုံး ၈ဦးခန့် သေဆုံးကာ ပူးပေါင်းတပ်ဖွဲ့များဖက်မှ ပ.က.ဖ ရဲဘော် တစ်ဦး အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရပြီး နှစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း PDF (Kalay) က အသိပေးသည်။

တစ်ချိန်တည်းတွင် နတ်​ချောင်းရွာနှင့် ချောင်းခွရွာဘက်မှ အောင်ချမ်းသာရွာ ဘက်သို့ ဖောက်ထွက်၍ မောင်းနှင်လာသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ​၏ ကားတစ်စီးနှင့် ဆိုင်ကယ် ၁၅ စီးခန့်ကို နေ့လယ် ၁ နာရီ၀န်းကျင်၌ ပန်းမွန်​ချောင်းတံတားအနီးတွင် PDF (Kalay)တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်များအားလုံးနီးပါး ထိမှန်လဲကျသွားပြီး အများအပြား သေဆုံးနိုင်ကြောင်း ခန့်မှန်းသည်။

ထပ်မံ၍ နတ်ချောင်းရွာဘက်မှ ဆက်လက်ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို နေ့လယ် ၃ နာရီခန့် ၌ ချောင်းခွရွာနှင့် အောင်ချမ်းသာရွာအကြားတွင် PDF (Kalay) တပ်ဖွဲ့များက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးပြီး ထိခိုက်သေဆုံး နိုင်ကြာင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အထိနာနေသည့် အကြမ်းဖက်စစ်အုပ်စုသည် ရှေ့ဆက်မတိုးနိုင်ဘဲ ချောင်းခွရွာနှင့် အောင်ချမ်းသာရွာအကြားတွင် ဆက်လက်နေရာယူထား သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့ညနေပိုင်းမှစတင်၍ နတ်ချောင်းရွာနှင့် ချောင်းခွရွာအတွင်းမှ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။