Connect with us

Hi, what are you looking for?

News

ကလေးမြို့တောင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ ၁၃ဦးထက်မနည်းသေဟု PDF ပြော

နေ့လည် ၃ နာရီခန့်အထိ ချောင်းခွရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်သား အနည်းဆုံး ၈ဦးခန့် သေဆုံးကာ ပူးပေါင်းတပ်ဖွဲ့များဖက်မှ ပ.က.ဖ ရဲဘော် တစ်ဦး အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရပြီး နှစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း PDF (Kalay) က အသိပေးသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ ၁၃ဦးထက်မနည်းသေဆုံးကြောင်း People’s Defence Force (Kalay) က ထုတ်ပြန်သည်။

ယမန်နေ့(ဧပြီ ၂၄ ရက်) နံနက်ပိုင်းကစ၍ ကလေးမြို့မှ ကလေးမြို့နယ် တောင်ပိုင်းဘက်သို့ ကား ၆စီး၊ အင်အား ၁၅၀ ၀န်းကျင်ခန့်ဖြင့် ခြေလျင်စစ်ကြာင်းနှင့် ​နောက်ချန်ယာဉ်တန်းများခွဲ၍ စစ်ကြာင်းထိုးလာခဲ့သည်။

ထို့နောက် နေ့လယ် ၁၂နာရီ ၀န်းကျင်မှစတင်၍ စည်သာရွာနှင့် နတ်​မြောင်းရွာအကြားတွင် PDF (Kalay)တပ်ဖွဲ့များက အသင့်တပ်ဆင်ထားသော မိုင်းများဖြင့် အဆင့်ဆင့်​ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား အနည်းဆုံး ငါးဦး သေဆုံးပြီး ကားတစ်စီး မိုင်းထိမှန်ပျက်စီး၍ လမ်းဘေး​ချောက်အတွင်း ထိုးဆင်းသွားကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ယမန်နေ့ညပိုင်းတွင် နတ်​ချောင်းရွာတွင် ညအိပ်တပ်စွဲခဲ့​ပြီး ယနေ့ (ဧပြီ ၂၅ ရက်) နံနက် ၁၀နာရီ၀န်းကျင်တွင် နတ်ချောင်းရွာမှတဆင့် တောင်ပိုင်းသို့ဦးတည်၍ ထွက်ခွာလာစဉ် PDF (Kalay) ၊ CNDF ၊ RKDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

နေ့လည် ၃ နာရီခန့်အထိ ချောင်းခွရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်သား အနည်းဆုံး ၈ဦးခန့် သေဆုံးကာ ပူးပေါင်းတပ်ဖွဲ့များဖက်မှ ပ.က.ဖ ရဲဘော် တစ်ဦး အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရပြီး နှစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း PDF (Kalay) က အသိပေးသည်။

တစ်ချိန်တည်းတွင် နတ်​ချောင်းရွာနှင့် ချောင်းခွရွာဘက်မှ အောင်ချမ်းသာရွာ ဘက်သို့ ဖောက်ထွက်၍ မောင်းနှင်လာသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ​၏ ကားတစ်စီးနှင့် ဆိုင်ကယ် ၁၅ စီးခန့်ကို နေ့လယ် ၁ နာရီ၀န်းကျင်၌ ပန်းမွန်​ချောင်းတံတားအနီးတွင် PDF (Kalay)တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်များအားလုံးနီးပါး ထိမှန်လဲကျသွားပြီး အများအပြား သေဆုံးနိုင်ကြောင်း ခန့်မှန်းသည်။

ထပ်မံ၍ နတ်ချောင်းရွာဘက်မှ ဆက်လက်ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို နေ့လယ် ၃ နာရီခန့် ၌ ချောင်းခွရွာနှင့် အောင်ချမ်းသာရွာအကြားတွင် PDF (Kalay) တပ်ဖွဲ့များက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးပြီး ထိခိုက်သေဆုံး နိုင်ကြာင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အထိနာနေသည့် အကြမ်းဖက်စစ်အုပ်စုသည် ရှေ့ဆက်မတိုးနိုင်ဘဲ ချောင်းခွရွာနှင့် အောင်ချမ်းသာရွာအကြားတွင် ဆက်လက်နေရာယူထား သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့ညနေပိုင်းမှစတင်၍ နတ်ချောင်းရွာနှင့် ချောင်းခွရွာအတွင်းမှ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ