Connect with us

Hi, what are you looking for?

LuduNwayOo

News

တရုတ်၏ လုပ်ရပ်များ အမြန်ဆုံးရပ်တန့်ခြင်းမရှိပါက တရုတ်နိုင်ငံပိုင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ လူထုတော်လှန်ရေး၌ ပါဝင်လာနိုင်​ကြောင်း မြန်မာအဖွဲ့ပေါင်း ၅၀၀​ကျော် သတိပေး

မြန်မာပြည်သူလူထုအပေါ် ဖိနှိပ်နေသော၊ လူမျိုးတုံးသတ်ဖြတ်နေသည့် စစ်ကောင်စီကို တရုတ် အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများက တရားဝင်အသိအမှတ်ပြုနေခြင်းအပေါ် စိုး ရိမ်ပူပန်ရခြင်းဖြစ်သည်ဟု ဆက်လက်ဖော်ပြသည်။

(စစ်တပ်အာဏာသိမ်းပြီး​​နောက် တရုတ်အစိုးရနှင့် တရုတ်ရင်းနှီးမြှပ်နှံမှုများ အလိုမရှိ​ကြောင်း ရန်ကုန်မြို့ တရုတ်သံရုံး​ရှေ့၌ ၂၀၂၁​ဖေ​ဖော်ဝါရီက ဆန္ဒပြ​တောင်းဆို​နေစဥ်)

တရားမဝင်အာဏာသိမ်းစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုရန်လုပ်ဆောင်လာသည့် တရုတ်အစိုးရ၏လုပ်ရပ်များ အမြန်ဆုံးရပ်တန့်ခြင်းမရှိပါက တရုတ်နိုင်ငံပိုင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို လူထုတော်လှန်ရေးတွင် ပါဝင်လာမည်ကို စိုးရိမ်ကြောင်း အဖွဲ့ပေါင်း ၅၅၈ ဖွဲ့က တရုတ်သမ္မတရှီကျင့်ဖိန်ထံ အိတ်ဖွင့်ပေးစာပေးပို့သည်။

မြန်မာအရပ်ဖက်အဖွဲ့အစည်းများ၊ သပိတ်စစ်ကြောင်းများ၊ ပညာရှင်များ၊ နိုင်ငံရေးပါတီများ၊ အလုပ်သမားသမဂ္ဂများနှင့် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်အစုအဖွဲ့ စသည်တို့ပါဝင်သော ၅၅၈ ဖွဲ့က တရုတ်-မြန်မာ ပြည်သူချင်းဆက်ဆံရေးကိစ္စရပ်များ ပိုမိုဆိုးရွားလာသည့်အပေါ် စိုးရိမ်သည့်အတွက် ယင်းသို့ အိတ်ဖွင့်ပေးစာရေးသားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာပြည်သူလူထုအပေါ် ဖိနှိပ်နေသော၊ လူမျိုးတုံးသတ်ဖြတ်နေသည့် စစ်ကောင်စီကို တရုတ် အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများက တရားဝင်အသိအမှတ်ပြုနေခြင်းအပေါ် စိုး ရိမ်ပူပန်ရခြင်းဖြစ်သည်ဟု ဆက်လက်ဖော်ပြသည်။

မြန်မာပြည်သူလူထုသည် တရုတ်နှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံမှု ကောင်းမွန်လာစေရန် လို လားပြီး တရုတ်အစိုးရအနေဖြင့်လည်း မြန်မာပြည်သူလူထု လက်မခံသော၊ တရားဝင်မှုမရှိသော အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်ဆက်နွှယ်ခြင်းမပြုရန်နှင့် တောင်းဆိုချက် ၇ချက်ကို အိတ်ဖွင့်ပေးစာ၌ ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကို တော်လှန်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူ့အဖွဲ့အစည်းများနှင့် နှီးနှောဖလှယ်ဆက်ဆံခြင်းများကို အမြန်ဆုံးပြန်လည်စတင်ရန် လိုအပ်ပြီး တရုတ်အစိုးရနှင့် NUG အကြား အဆင့်မြင့်နိုင်ငံရေးဆွေးနွေးမှုများစတင်ဆောင်ရွက်ရန် တောင်းဆိုသည်။

ဆက်လက်ပြီး NLD၊ SNLD နှင့် အခြားသော နိုင်ငံရေးပါတီများနှင့်ပါတီချင်းဆွေးနွေးမှုများစတင်ရန်၊ တရားမဝင်သည့်စစ်ကောင်စီနှင့်စီးပွားရေးလုပ်ငန်းအသစ်များစတင်ခြင်းကို ရပ်တန့်ရန်၊ တရားမဝင်အာဏာသိမ်းရန်ကြိုးပမ်းသည့်စစ်တပ်ကို အကူအညီအထောက်အပံ့၊ ရန်ပုံငွေများ ပေးအပ်ခြင်းကို ရပ်တန့်ရန် တို့ကို တောင်းဆိုသည်။

ထို့အပြင် စစ်တပ်၏မရိုးသားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရင်းအနှီးများဖြုန်းတီးနေခြင်းကို ရပ်တန့်ရန်၊ တရားမဝင်အာဏာသိမ်းစစ်တပ်ကို အသိအမှတ်ပြုခြင်းနှင့် တရားဝင်ဖြစ်အောင်လုပ်ဆောင်သည့် အဆင့်မြင့်တွေ့ဆုံမှုများကို ရပ်တန့်ရန်တို့ကိုလည်း ထည့်သွင်းတောင်း ဆိုသည်။

မြန်မာပြည်သူလူထုသည် ၎င်းတို့သဘောတူထောက်ခံသည့် အစိုးရတရပ်ရရှိပိုင်ခွင့် အပြည့်အ၀ ရှိကြောင်း တရုတ်သမ္မတရှီကျင့်ဖိန်ထံ ပေးပို့သော အိတ်ဖွင့်ပေးစာ၌ ဖော်ပြသည်။

(စစ်တပ်အာဏာသိမ်းပြီး​​နောက် တရုတ်အစိုးရနှင့် တရုတ်ရင်းနှီးမြှပ်နှံမှုများ အလိုမရှိ​ကြောင်း ရန်ကုန်မြို့ တရုတ်သံရုံး​ရှေ့၌ ၂၀၂၁​ဖေ​ဖော်ဝါရီက ဆန္ဒပြ​တောင်းဆို​နေစဥ်)

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။