Connect with us

Hi, what are you looking for?

News

တရုတ်၏ လုပ်ရပ်များ အမြန်ဆုံးရပ်တန့်ခြင်းမရှိပါက တရုတ်နိုင်ငံပိုင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ လူထုတော်လှန်ရေး၌ ပါဝင်လာနိုင်​ကြောင်း မြန်မာအဖွဲ့ပေါင်း ၅၀၀​ကျော် သတိပေး

မြန်မာပြည်သူလူထုအပေါ် ဖိနှိပ်နေသော၊ လူမျိုးတုံးသတ်ဖြတ်နေသည့် စစ်ကောင်စီကို တရုတ် အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများက တရားဝင်အသိအမှတ်ပြုနေခြင်းအပေါ် စိုး ရိမ်ပူပန်ရခြင်းဖြစ်သည်ဟု ဆက်လက်ဖော်ပြသည်။

(စစ်တပ်အာဏာသိမ်းပြီး​​နောက် တရုတ်အစိုးရနှင့် တရုတ်ရင်းနှီးမြှပ်နှံမှုများ အလိုမရှိ​ကြောင်း ရန်ကုန်မြို့ တရုတ်သံရုံး​ရှေ့၌ ၂၀၂၁​ဖေ​ဖော်ဝါရီက ဆန္ဒပြ​တောင်းဆို​နေစဥ်)

တရားမဝင်အာဏာသိမ်းစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုရန်လုပ်ဆောင်လာသည့် တရုတ်အစိုးရ၏လုပ်ရပ်များ အမြန်ဆုံးရပ်တန့်ခြင်းမရှိပါက တရုတ်နိုင်ငံပိုင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို လူထုတော်လှန်ရေးတွင် ပါဝင်လာမည်ကို စိုးရိမ်ကြောင်း အဖွဲ့ပေါင်း ၅၅၈ ဖွဲ့က တရုတ်သမ္မတရှီကျင့်ဖိန်ထံ အိတ်ဖွင့်ပေးစာပေးပို့သည်။

မြန်မာအရပ်ဖက်အဖွဲ့အစည်းများ၊ သပိတ်စစ်ကြောင်းများ၊ ပညာရှင်များ၊ နိုင်ငံရေးပါတီများ၊ အလုပ်သမားသမဂ္ဂများနှင့် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်အစုအဖွဲ့ စသည်တို့ပါဝင်သော ၅၅၈ ဖွဲ့က တရုတ်-မြန်မာ ပြည်သူချင်းဆက်ဆံရေးကိစ္စရပ်များ ပိုမိုဆိုးရွားလာသည့်အပေါ် စိုးရိမ်သည့်အတွက် ယင်းသို့ အိတ်ဖွင့်ပေးစာရေးသားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာပြည်သူလူထုအပေါ် ဖိနှိပ်နေသော၊ လူမျိုးတုံးသတ်ဖြတ်နေသည့် စစ်ကောင်စီကို တရုတ် အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများက တရားဝင်အသိအမှတ်ပြုနေခြင်းအပေါ် စိုး ရိမ်ပူပန်ရခြင်းဖြစ်သည်ဟု ဆက်လက်ဖော်ပြသည်။

မြန်မာပြည်သူလူထုသည် တရုတ်နှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံမှု ကောင်းမွန်လာစေရန် လို လားပြီး တရုတ်အစိုးရအနေဖြင့်လည်း မြန်မာပြည်သူလူထု လက်မခံသော၊ တရားဝင်မှုမရှိသော အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်ဆက်နွှယ်ခြင်းမပြုရန်နှင့် တောင်းဆိုချက် ၇ချက်ကို အိတ်ဖွင့်ပေးစာ၌ ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကို တော်လှန်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူ့အဖွဲ့အစည်းများနှင့် နှီးနှောဖလှယ်ဆက်ဆံခြင်းများကို အမြန်ဆုံးပြန်လည်စတင်ရန် လိုအပ်ပြီး တရုတ်အစိုးရနှင့် NUG အကြား အဆင့်မြင့်နိုင်ငံရေးဆွေးနွေးမှုများစတင်ဆောင်ရွက်ရန် တောင်းဆိုသည်။

ဆက်လက်ပြီး NLD၊ SNLD နှင့် အခြားသော နိုင်ငံရေးပါတီများနှင့်ပါတီချင်းဆွေးနွေးမှုများစတင်ရန်၊ တရားမဝင်သည့်စစ်ကောင်စီနှင့်စီးပွားရေးလုပ်ငန်းအသစ်များစတင်ခြင်းကို ရပ်တန့်ရန်၊ တရားမဝင်အာဏာသိမ်းရန်ကြိုးပမ်းသည့်စစ်တပ်ကို အကူအညီအထောက်အပံ့၊ ရန်ပုံငွေများ ပေးအပ်ခြင်းကို ရပ်တန့်ရန် တို့ကို တောင်းဆိုသည်။

ထို့အပြင် စစ်တပ်၏မရိုးသားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရင်းအနှီးများဖြုန်းတီးနေခြင်းကို ရပ်တန့်ရန်၊ တရားမဝင်အာဏာသိမ်းစစ်တပ်ကို အသိအမှတ်ပြုခြင်းနှင့် တရားဝင်ဖြစ်အောင်လုပ်ဆောင်သည့် အဆင့်မြင့်တွေ့ဆုံမှုများကို ရပ်တန့်ရန်တို့ကိုလည်း ထည့်သွင်းတောင်း ဆိုသည်။

မြန်မာပြည်သူလူထုသည် ၎င်းတို့သဘောတူထောက်ခံသည့် အစိုးရတရပ်ရရှိပိုင်ခွင့် အပြည့်အ၀ ရှိကြောင်း တရုတ်သမ္မတရှီကျင့်ဖိန်ထံ ပေးပို့သော အိတ်ဖွင့်ပေးစာ၌ ဖော်ပြသည်။

(စစ်တပ်အာဏာသိမ်းပြီး​​နောက် တရုတ်အစိုးရနှင့် တရုတ်ရင်းနှီးမြှပ်နှံမှုများ အလိုမရှိ​ကြောင်း ရန်ကုန်မြို့ တရုတ်သံရုံး​ရှေ့၌ ၂၀၂၁​ဖေ​ဖော်ဝါရီက ဆန္ဒပြ​တောင်းဆို​နေစဥ်)

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။