Connect with us

Hi, what are you looking for?

News

မုံရွာမြို့တွင် အရပ်ဝတ်များဖြင့်လိုက်ပါလာသော စစ်ကောင်စီယာဥ်တန်းအား PDF မိုင်းဆွဲတိုက်ခိုက်၊ အကြမ်းဖက်စစ်သား နှစ်ဦးသေ

“‌အိမ်စီးကားသုံးစီး လူ၁၅ယောက် အရပ်၀တ်တွေနဲ့ ပစ္စည်းတွေရော ပါပါတယ်။သူတို့ကားတွေ ကျောက္ကာဘက်ကိုလမ်းကြောင်းသွားတဲ့အချိန် ပစ်ခတ်ခဲ့တာပါ”ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် Special Regional Attacks Forces-MWA အဖွဲ့တာဝန်ရှိသူက ပြော သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အရပ်ဝတ်များဖြင့်လိုက်ပါလာသော စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သားနှစ်ဦးသေဆုံးကြောင်း Monywa People Defence Force (MPDF)က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၃၀ရက်)ညနေ ၃ နာရီဝန်းကျင်က မုံရွာမြို့အခြေစိုက် မဟာမိတ်ညီနောင်များပူးပေါင်းပြီး မုံရွာမြို့၊ ကျောက္ကာလမ်း ငွေကမ္ဘာမင်းဆီဆိုင်အနီးတွင် အရပ်ဝတ်စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲကာ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ဆင်ရေးဦးတည်ချက်နေရာတွင် အရပ်ဝတ်စစ်သားနှစ်ဦးသေဆုံးပြီး ​လေးဦးဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု သတင်းအတိအကျရရှိကြောင်း Monywa People Defence Force (MPDF)က ပြောသည်။

အဆိုပါစစ်ဆင်ရေးအား Monywa People Defence Force(MPDF)၊ Special Regional Attack Force (SRAF) မုံရွာခရိုင် တပ်ရင်း (၁)၊ Special Force 11 PDF၊ သပြေညိုပြောက်ကျား တပ်ဖွဲ့၊ Black Dragon Special Task Force အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်ရဲဘော်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။

“‌အိမ်စီးကားသုံးစီး လူ၁၅ယောက် အရပ်၀တ်တွေနဲ့ ပစ္စည်းတွေရော ပါပါတယ်။သူတို့ကားတွေ ကျောက္ကာဘက်ကိုလမ်းကြောင်းသွားတဲ့အချိန် ပစ်ခတ်ခဲ့တာပါ”ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် Special Regional Attacks Forces-MWA အဖွဲ့တာဝန်ရှိသူက ပြော သည်။

Public Service Announcement

Public Service Announcement

ယခုအခါ စစ်ရေးမငြိမ်သက်မှုများကြောင့် မုံရွာ-အရာတော်-ထီးဆောင်းလမ်းပိုင်းနှင့် မုံရွာ-မန္တလေးလမ်းပိုင်းသွားလာသော ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ကားများနှင့် နီးကပ်စွာမောင်းနှင်ခြင်းမပြုကြရန်နှင့် သတိပြုသွားလာကြရန် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF) က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။