Connect with us

Hi, what are you looking for?

News

ကြာအင်းဆိပ်ကြီးမှာ KNLA နဲ့ စစ်ကောင်စီတပ်တို့ ပစ်ခတ်မှုထပ်ဖြစ်

တိုက်ပွဲကြောင့် ဝင်းရော်ဒေသက ကျေးရွာတွေဖြစ်ကြတဲ့ ခလယ် တံခွန်တိုင် နန်းသိုင်းထွန်း ဒိုင်လွတ် ကမော့ဝမ်း စတဲ့ ကျေးရွာတွေက ဒေသခံအရပ်သားပြည်သူ ထောင်ချီဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ကြရတာ ဖြစ်ပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ကျေးရွာမှာ ဒီကနေ့ မနက် ၁၀ နာရီအချိန်ခန့်ကစပြီး KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဒီကနေ့ မေ ၁ ရက်နေ့ ၁၀ နာရီအချိန်ခန့်ကစပြီး နေ့လယ်ပိုင်းအချိန်ထိ ခလယ်ကျေးရွာ ကွက်သစ်ဘက်ခြမ်းမှာ နှစ်ဖက်တပ်တွေအကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်မှုတွေတော့ လတ်တလောမှာ မသိရသေးပါဘူး။

“အလုံးကြီးရော အသေးရော ဆက်တိုက်ပဲ။ ခလယ်ကွက်သစ်ဘက်မှာ ဆက်တိုက်ပစ်နေပါတယ်။ ပြန်လာဖို့ အစီအစဉ်ရှိသူများ မပြန်လာကြပါနဲ့ဦး” လို့ ဒေသခံတစ်ဦးက သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

Public Service Announcement

ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကစပြီး ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ ဝင်းရေးမြို့နယ် ခလယ်တံခွန်တိုင်မှာ KNLA တပ်နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က စစ်ရေးအင်အားတွေ ပိုမိုတိုးချဲ့လာခဲ့ကာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဒီကနေ့အထိ ဖြစ်ပွားနေတာပါ။

တိုက်ပွဲကြောင့် ဝင်းရော်ဒေသက ကျေးရွာတွေဖြစ်ကြတဲ့ ခလယ် တံခွန်တိုင် နန်းသိုင်းထွန်း ဒိုင်လွတ် ကမော့ဝမ်း စတဲ့ ကျေးရွာတွေက ဒေသခံအရပ်သားပြည်သူ ထောင်ချီဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ကြရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

Facebook