Connect with us

Hi, what are you looking for?

News

ကျေးရွာများအား လုယက်ရန်ထွက်လာသောစစ်အုပ်စုကို တိုက်ခိုက်ရာ ၂၀ခန့်သေဟု ချောင်းဦး PDFပြော

ကင်မွန်းတော်ရွာသည် ပျူစောထီးကြီးစိုးရာရွာတစ်ရွာဖြစ်ပြီး ၎င်းကျေးရွာရှိ ပျူစောထီးများကြောင့် အမြင့်လမ်းတစ်လျှောက် ကျေးရွာများ မကြာခဏမီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကင်မွန်းတော်ကျေးရွာမှ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများအား နှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၂ဦးသေဆုံးကြောင်း ချောင်းဦး PDFက ပြော သည်။

ဧပြီ ၂၉ ရက် နံနက်ပိုင်းက ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာသို့ ရောက်ရှိနေသော ကင်မွန်းတော်ရွာမှ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအင်အား ၂၀ခန့်သည် ဘေးရွာများအား လုယက်ရန် ထွက်လာရာ ချောင်းဦး PDF တပ်ခွဲ (၂)မှ ရဲဘော်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်၌ မိုင်းခွဲတိုက်ခိုက်ခဲ့၍ ပျူလေးဦးသေဆုံးသည်ဟု ချောင်းဦး PDF က ပြောသည်။

မေလ ၁ ရက် မွန်းလွဲပိုင်းက ကျီကုန်းရွာရှိဆန်စက်မှ ထွေလာဂျီနှင့် ဆန်အိတ်များလုယူ၍ ကင်မွန်းတော်ရွာဘက်ပြန်လာသော အကြမ်းဖက်စစ်တပ်၊ပျူစောထီးအုပ်စုနှင့် ၎င်းတို့ကို ရွာမှလာကြိုသောအုပ်စု စုစုပေါင်း ၅၀ခန့်ကို ချောင်းဦး PDFက မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည်။အဆိုပါ ဖြစ်စဥ်တွင် စစ်အုပ်စုမှ စုစုပေါင်း ရှစ်ဦး သေဆုံးပြီး ၂၀ ခန့် ထိခိုက်သွားသ​ည်ဟု ချောင်းဦး PDFက ပြောသည်။

ကင်မွန်းတော်ရွာသည် ပျူစောထီးကြီးစိုးရာရွာတစ်ရွာဖြစ်ပြီး ၎င်းကျေးရွာရှိ ပျူစောထီးများကြောင့် အမြင့်လမ်းတစ်လျှောက် ကျေးရွာများ မကြာခဏမီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

Facebook