Connect with us

Hi, what are you looking for?

News

ရွှေဘိုနယ်တွင် ရွာများမီးရှို့ဖျက်စီးပြီးနောက် စစ်ကြောင်းထိုးနေသောစစ်အုပ်စုကို ဒေသကာကွယ်ရေးတပ်များ နှစ်ရက်ဆက်တိုက်ခိုက်

အကြမ်းဖက်စစ်တပ်သည် အင်အား ၂၀၀ခန့်ဖြင့် ရွှေဘိုမြို့နယ်အတွင်း ဧပြီ နောက်ဆုံးပတ်ကစ၍ စစ်ကြောင်းထိုးကာ ရွာစဥ် မီးရှို့ပြီး ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

(စစ်အုပ်စုထံမှ သိမ်းဆည်းရမိခဲ့သည့် ခဲယမ်းအချို့နှင့် ဆက်စပ်ပစ္စည်းများ)

▪️စစ်ကောင်စီတပ်သား ၃၀ခန့်ထိခိုက်သေဆုံးဟု C&T SHWEBO

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကျေးရွာများ မီးရှို့ဖျက်စီးပြီးနောက် စစ်ကြောင်းထိုးနေသော စစ်အုပ်စုကို နှစ်ရက်ဆက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ခန့်ထိခိုက်သေဆုံးကြောင်း C&T SHWEBO က ယနေ့(မေ ၄ ရက်)တွင် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဇီးဖြူကုန်းရွာနှင့်ဆိပ်ခွန်ကျေးရွာကြားတွင် မဟာမိတ်တပ်ပေါင်းစု SNAKE EYES PDF၊ C&T SHWEBO၊ ဒေါင်းမာန်၊ ဗိုလ်ကျားရိုင်း ပ က ဖ၊ Alpha 7 ၊မဟူရာဇီးကွက်(ဒီပဲယင်း) ၊ ပြုံးရွှင်(ဒီပဲယင်း)၊အရာတော်ရွှေဂျိုးဖြူ၊People Defense Force Shwebo နှင့် B F D F နဂါးတပ်စုတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မေ ၂ ရက် နှင့် ၃ ရက်အတွင်း လိုက်လံတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၃၀ခန့် ထိခိုက်သေဆုံးမှုတွင် ဗိုလ်ကြီးအဆင့်တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု C&T SHWEBOက အသိပေးသည်။

Public Service Announcement

Public Service Announcement

သို့သော် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးထိမှန်၍ ပြည်သူ (၃)ဦး သေဆုံးပြီး (၆)ဦး ဒဏ် ရာရရှိခဲ့သည်။

“သေသွားတာ​က ဆိပ်ခွန်ရွာခံတွေ။အိမ်ပေါ်ကို လက်နက်ကြီးကျတာ”ဟု ရွှေဘိုဒေသခံပြည်သူတစ်ဦးကပြောသည်။

ထို့အပြင် တိုက်ပွဲအတွင်း ဒေသခံပြည်သူများကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် အသုံးပြုထားသည့်အတွက် တပ်ပေါင်းစုမဟာမိတ်အဖွဲ့အစည်းများမှ အများပြည်သူကို ရှေးရှု၍ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အကြမ်းဖက်စစ်တပ်သည် အင်အား ၂၀၀ခန့်ဖြင့် ရွှေဘိုမြို့နယ်အတွင်း ဧပြီ နောက်ဆုံးပတ်ကစ၍ စစ်ကြောင်းထိုးကာ ရွာစဥ် မီးရှို့ပြီး ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်