Connect with us

Hi, what are you looking for?

News

ကင်းလှည့်​နေ​သော စစ်​ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ ခုနစ်ဦး​သေဟု မင်းကင်း PDF ​ပြော

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ဧပြီ ၂၆ ရက်က မင်းကင်းမြို့နယ် ဇင်ကလဲကျေးရွာအား မီးရှို့ဖျက်ဆီးသွားခဲ့ပြီး အိမ်ပေါင်း ၂၀၀ကျော် ပျက်စီး ဆုံးရှုံးခဲ့သည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ကင်းလှည့်လာသည့် အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပျူစောထီး ခုနစ်ဦးသေဆုံးကြောင်း မင်းကင်း PDF က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလ ၅ ရက် မွန်းတည့် ၁၂နာရီဝန်းကျင်က မင်းကင်းမြို့နယ် (မြစ်ရိုးအောက်ဒေသ) ကျောက်ခဲတက်ရွာနှင့် သင်တောရွာအကြား ကင်းလှည့်လာသည့် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ မိုင်းမိခဲ့ခြင်းဖြစ်သည်။ မိုင်းသုံးလုံးထိပြီး ပျူစောထီး ခုနစ်ယောက်သေဆုံးကာ အများအပြား ပြင်းထန်ဒဏ်ရာများ ရရှိသွားသ​ည်ဟု Mingin People Defense Force- MPDF က ဆိုသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ MPDF ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ဧပြီ ၂၆ ရက်က မင်းကင်းမြို့နယ် ဇင်ကလဲကျေးရွာအား မီးရှို့ဖျက်ဆီးသွားခဲ့ပြီး အိမ်ပေါင်း ၂၀၀ကျော် ပျက်စီး ဆုံးရှုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ