Connect with us

Hi, what are you looking for?

News

KNUနယ်မြေ၌ ဧပြီအတွင်း တိုက်ပွဲ ၅၀၀ကျော်ဖြစ်၊ စစ်ကောင်စီနှင့် BGFတပ်ဖွဲ့ဝင် ၃၅၀ကျော်သေ

အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် BGFတို့၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှု၊ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ပြည်သူ ၁၀ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၃၀ဦးဒဏ်ရာရခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ကော်သူးလေးအုပ်ချုပ်နယ်မြေ၌ ဧပြီအတွင်း တိုက်ပွဲ ၅၀၇ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင် ၃၅၆ဦးသေဆုံးကာ ၁၉၄ဦး ဒဏ်ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း ၁၅ဦးကျဆုံးပြီး ၃၅ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် BGFတို့၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှု၊ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ပြည်သူ ၁၀ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၃၀ဦးဒဏ်ရာရခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

KNU တွင် ခရိုင်နှင့် တပ်မဟာ ၇ခုရှိသည့်အနက်တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် ထိတွေ့တိုက်ပွဲ ၃၈၃ကြိမ်ဖြင့် တိုက်ပွဲဖြစ်ပွားမှုအများဆုံးဖြစ်ခဲ့ပြီး ယင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် ၁၇၃ဦးသေဆုံးကာ ၈၇ဦးဒဏ်ရာရခဲ့သည်ဟု KNU ဖာပွန်ခရိုင်က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် KNU တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် အတွင်းရှိ လေးကေ့ကော်ဒေသ၌၊ ကော့ကရိတ်ဒေသ၌ လည်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။

KNUတပ်မဟာ(၁)နယ်မြေ သထုံခရိုင်တွင်လည်း KNLAနှင့် PDF ပူးပေါင်းတပ်များက စစ်ကောင်စီတပ်စခန်းများ၊ တပ်စွဲရာနေရာများကို မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း KNUနှင့် ပူးပေါင်းတပ်ဖွဲ့တို့၏ ယခင်သတင်းထုတ်ပြန်ချက်များ၌ တွေ့ရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် KNUခရိုင်နှင့် တပ်မဟာခုနစ်ခုအနက် KNUတပ်မဟာ(၇) ဖာပွန်ခရိုင်မှအပကျန်သည့် တပ်မဟာ နယ်မြေများ၌ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။