Connect with us

Hi, what are you looking for?

News

ခင်ဦးမြို့နယ်သည် စစ်အုပ်စုမီးရှို့ဖျက်ဆီးခံရမှုအများဆုံးအဖြစ် မှတ်တမ်းဝင်​နေပြီး အိမ်​ထောင်စု​ပေါင်း ၁,၃၀၀ကျော် အိုးမဲ့၊အိမ်မဲ့ဖြစ်​နေ

အကြမ်းဖက်စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးခံရသည့် ဒေသများတွင် နေပြည်တော်၊ရန်ကုန်၊ဧရာဝတီ၊မွန်ပြည်နယ် နှင့် ရခိုင်တို့မှအပ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားလျှက်ရှိနေသည်။

(ယခုလ ၂ ရက်က အကြမ်းဖက်စစ်တပ်၏ မီးရှိုခံခဲ့ရသော အင်းပက်ရွာ ဖြစ်သည်)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီတပ်၏ လူနေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုအများဆုံး မြို့နယ်တစ်ခုအဖြစ် မှတ်တမ်းဝင်နေပြီး အိမ်ထောင်စုပေါင်း ၁,၃၀၀ကျော် အိုးမဲ့၊အိမ်မဲ့ ဖြစ်နေပြီဟု Armed Revolution Force K.U က ထုတ်ပြန် သည်။

“အင်တာနက်လိုင်းဖြတ်ခံထားရတာရော မီဒီယာအင်အားနည်းပါးတာရောကြောင့် ပြည်သူလူထုနဲ့ ကမ္ဘာကသိရှိမှု နဲပါးလှပါတယ်။စစ်ကောင်စီ အနေနဲ့ အပြင်းအထန်ခုခံ တဲ့ မြို့နယ်တွေကို ပိုမိုနှိပ်ကွပ်တဲ့အနေနဲ့ ယခုလို မီးအများဆုံးရှို့ထားခြင်းဖြစ်တယ်လို့ယူဆနိုင်ပါတယ်”ဟု အထက်ပါတပ်ဖွဲ့က ရှင်းပြသည်။

(ယခုလ ၂ ရက်က အကြမ်းဖက်စစ်တပ်၏ မီးရှိုခံခဲ့ရသော အင်းပက်ရွာ ဖြစ်သည်)

လက်ရှိ(မေ ၉ ရက်)အထိ စာရင်းအရ အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့သော ခင်ဦးမြို့နယ် ရွာစဥ်စာ ရင်းအရ အင်းပက်ရွာ မှ ၃၀၅ လုံး၊ငါးတင်းကြီးရွာ ၂၅၀၊သံဘိုရွာ ၂၀၀ နှင့် ရှားလွင်ရွာ မှ ၈၅ လုံးဖြင့် အများဆုံး ဖြစ်သည်။

အလားတူ တပင်ကောင်း၊ပေါက်တုံ၊ကျီးကန် ၊ရွာသာ၊ရွာသစ်ကုန်း၊ဒါန်းကုန်း၊မှန်တော၊ ကျွန်းလည် ၊သက်ပေး၊တမုတ် ၊ကုလားလူးမင်းဝံစိုက်ကွင်း၊မဒေါင်းကြီး၊အုန်းပင်ကုန်း၊ ဂွေးကုန်း နှင့် မြင်းကျကျေးရွာတို့ရှိ နေအိမ်များမှာ မီးရှို့ခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

(ယခုလ ၂ ရက်က အကြမ်းဖက်စစ်တပ်၏ မီးရှိုခံခဲ့ရသော အင်းပက်ရွာ ဖြစ်သည်)

“ကျွန်တော်တို့ မြို့နယ်ကိုအကူညီပေးကြဖို့ အနူးညွတ်တောင်းဆိုပါတယ်”ဟု ARF K.U က ပြောသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်က အာဏာသိမ်းပြီး​နောက်ပိုင်း ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက် မှ ၂၀၂၂ ဧပြီ ၃၀ ရက်အထိ(၁၅ လ) အတွင်း မီးရှို့ဖျက်ဆီး​ခဲ့သည့် ပြည်သူ့နေအိမ် ၁၁,၄၁၇လုံး ရှိ​နေပြီဟု Data For Myanmar က​ ယခုရက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

(ယခုလ ၂ ရက်က အကြမ်းဖက်စစ်တပ်၏ မီးရှိုခံခဲ့ရသော အင်းပက်ရွာ ဖြစ်သည်)

အကြမ်းဖက်စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးခံရသည့် ဒေသများတွင် နေပြည်တော်၊ရန်ကုန်၊ဧရာဝတီ၊မွန်ပြည်နယ် နှင့် ရခိုင်တို့မှအပ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားလျှက်ရှိနေသည်။

ထိုအနက် စစ်ကိုင်းတိုင်းတွင် နေအိမ် ၇,၀၀၀ ကျော်၊မကွေးတိုင်း၌ နေအိမ် ၂,၁၀၀ နှင့် ချင်းပြည်နယ်တွင် နေအိမ် ၁,၀၀၀ ကျော်ကို အကြမ်းဖက်စစ်တပ်က မီးရှို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။