Connect with us

Hi, what are you looking for?

News

မင်းကင်းမြို့နယ်တိုက်ပွဲ စစ်သားနှင့်ပျူ ၁၁ဦး​သေ ပြီး၁၀ ဦး​ကျော်ဒဏ်ရာရ ၊ PDF ၁ဦးကျဆုံး

တိုက်ပွဲအတွင်း လက်နက်ကြီး၊လက်နက်ငယ်ကျည်များစွာအသုံးပြုခဲ့ရပြီး ထပ်မံဖြည့်တင်းနိုင်ရန်အတွက် ကျည်ဖိုးများ တတ်နိုင်သလောက် လှူပေးပါရန် မင်းကင်း PDFကအကူညီတောင်းခံထားသည်။

(မင်းကင်းPDF တပ်ဖွဲ့ဝင်များ)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်တပ်နှင့် ပျူစောထီးအဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့ကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မေလ ၈ ရက် နံနက် ၁၁ နာရီခွဲခန့်က မင်းကင်းမြို့နယ်၊ ကူလဲရွာနှင့် အောက်စသာရွာတို့မှ ပျူအင်အား ၅၀ခန့်သည် တောင်လက်ဒေသ အထက်စသာရွာဘက်သို့ စစ်‌ကြောင်းထိုးကာ ကျေးရွာအနီးတောများကို မီး၀င်ရှို့ခဲ့သည်။

ထိုသို့ဖျက်ဆီးနေစဉ်မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ရင်း၂၊ တပ်ခွဲ ၁ ဦးဆောင်ကာ ပကဖရဲဘော် များနှင့် ကြိုတင်နေရာယူစောင့်ဆိုင်းစဥ် ပျူ​စောထီးစစ်ကြောင်းမှ ပျူတစ်ဦး တိုက်မိုင်းထိကာ သေဆုံးခဲ့ကြောင်းMKPDF-2ကပြောသည်။

ထို​နောက်မင်းကင်းမြို့ပေါ်မှ အင်အားလာဖြည့်သဖြင့် ၃နာရီဝန်းကျင်ကြာ လက်နက်ကြီး လက်နက်ငယ်များဖြင့်တိုက်ပွဲ ပြင်းထန်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှ ၆ ဦး၊ ပျူ ၄ ဦး ထပ်မံသေဆုံးခဲ့သည်။ထိုအပြင် ၁၁ ဦးခန့်ဒဏ်ရာ အပြင်းအထန်ရရှိကာပြန်ဆုတ်သွားပြီး မင်းကင်းဆေးရုံပို့ဆောင်သွားကြောင်း MKPDF-2 က အသိ​ပေးသည်။

Public Service Announcement

Public Service Announcement

“ဒဏ်ရာအပြင်းအထန်ရတဲ့ စခနဲ့ ပျူ ၃ကောင် တိုက်မိုင်းထိတယ်။ခြေပြတ် လက်ပြတ်ဖြစ်တယ်။”ဟု MKPDF-2က ပြောသည်။

တိုက်ပွဲတွင် ဒေသခံ ပကဖ ရဲဘော်တစ်ဦး ကျည်ထိမှန်ကာ သွေးထွက်လွန်၍ ကျဆုံးသွားခဲ့သည်ဟု ၎င်းတို့ကထုတ်ပြန်သည်။

တိုက်ပွဲအတွင်း လက်နက်ကြီး၊လက်နက်ငယ်ကျည်များစွာအသုံးပြုခဲ့ရပြီး ထပ်မံဖြည့်တင်းနိုင်ရန်အတွက် ကျည်ဖိုးများ တတ်နိုင်သလောက် လှူပေးပါရန် မင်းကင်း PDFကအကူညီတောင်းခံထားသည်။

တိုက်ပွဲအခြေအနေများကြောင့် မင်းကင်းမြို့နယ်၊ မုံရွာ- ပုသိမ်လမ်းမကြီးနှင့် ဆားလင်းကြီး – ညောင်ပင်ကြီးလမ်းပိုင်းများအား ယမန်နေ့မှစ၍ အရေးပေါ်ပိတ်သိမ်းလိုက်ကြောင်း မင်းကင်းPDFက ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။