Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီယာဥ်တန်းကို PDFများက မိုင်းဆွဲတိုက်ခိုက်ရာ ၄၀ ​ကျော်​သေဆုံးဒဏ်ရာရဟု ပု​လောPDFပြော

စစ်​ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး​နောက် ယ​နေ့တွင် ထားဝယ်မြို့အထွက်၌ စစ်​ကောင်စီတပ်က အစစ်အဆေးကြမ်း​နေ​ကြောင်းလည်းဒေသခံတစ်ဦးကပြောသည်။

ပဝတ်ကုန်းရွာအနီးရှိ ဆိုင်းဘုတ် ။ ။ ဓါတ်ပုံ-CJ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာအနီး စစ်ကောင်စီယာဉ်တန်းကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄၀ကျော်​သေဆုံးဒဏ်ရာရရှိကြောင်း PDF(ပုလော)မှ တာဝန်ခံက​ ပြောသည်။

မေလ၁၂ ရက် ည၁၂ နာရီတွင် မြိတ်မြိုမှပုလောမြို့လာသည့် စစ်ကောင်စီတပ်၏ ၁၁ စီးပါယာဥ်တန်းကို ပုလောမြို့နယ်ရှိ မဟာမိတ်တပ်ပေါင်းစုကပဝတ်ကုန်းရွာအနီးတွင်မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ ထို​နောက် ယ​နေ့ (​မေ ၁၃) နံနက်၄နာရီခွဲတွင် ထားဝယ်မှာမှ လာသည့် စစ်ကား ၁၆ စီးကိုလည်းထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့​ကြောင်း ပု​လောPDFကထုတ်ပြန်သည်။

တိုက်ခိုက်မှုနှစ်ကြိမ်လုံးအတွက် စုစုပေါင်း မိုင်း ၇လုံးအသုံးပြုခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှာ အနည်းဆုံး လူ ၄၀ကျော် ဒဏ်ရာရရှိခဲ့သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ ၄၀ဦးတွင် သေဆုံးသူ အယောက် ၂၀ခန့်ရှိနိုင်ပြီး စာရင်းအတည်ပြုရန် ကြိုးစားနေဆဲဟု PDF(ပုလော) တာဝန်ခံကပြောသည်။

​ဒေသတစ်ခုတွင်သွားလာ​နေ​သော စစ်​ကောင်စီယာဥ်တန်း ဓါတ်ပုံ-CJ

“သေတဲ့သူကော ဒဏ်ရာရသူကော၊ သေသူအတိအကျ မသိရသေးလို့။သွေးအိုင်တွေ လမ်းမကြီးတလျှောက်ကျနေတာဘဲ့။ သူတို့ လိုက်ဖုံးနေတယ်” ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ထိုခိုက်​သေဆုံးမှုမှာ မြိတ်မှထွက်လာ​သော စစ်​ကောင်စီယာဥ်တန်းမှ ဖြစ်ပြီး ထားဝယ်မှ စစ်ကူလာ​သောယာဥ်တန်းမှ ထိ့ခိုက်မှုနည်း​ကြောင်းလည်းသိရသည်။

Public Service Announcement

“ မြိတ်က ၆ စီး ထိတယ်။ မိုင်းဆွဲပြီး ကျနော်တို့ဘက်က ပြန်ဆုတ်တယ်။ သူတို့ဘက်က လက်နက်ကြိး လက်နက်ငယ်နဲ့ တရစပ် ပြန်လည်ပစ်ခတ်ပါတယ်။ ထားဝယ်ဘက်က ထိခိုက်မူ သိပ်မရှိဘူး ဗျ။ ကားထိုးရပ်‌တော့ ထိုးရပ်သေး။ ထိခိုက်မူနည်းတယ်”ဟုPDF(ပုလော) မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကိုပြောသည်။

မိုင်းခွဲတိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အား မမျှခြင်းကြောင့် ပစ်ခတ်တိုက်ခိုက်မှုမလုပ်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့သည်ဟုလည်း၎င်းကရှင်းပြသည်။

စစ်​ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး​နောက် ယ​နေ့တွင် ထားဝယ်မြို့အထွက်၌ စစ်​ကောင်စီတပ်က အစစ်အဆေးကြမ်း​နေ​ကြောင်းလည်းဒေသခံတစ်ဦးကပြောသည်။

ပုလောမြို့နယ်သည် စစ်ကောင်စီတပ်ကို ​ဒေသခံ PDFများက မကြာခဏတိုက်ခိုက်​နေပြီး တနင်္သာရီတိုင်းအတွင်း စစ်ရေးတင်းမာနေခြင်းကြောင့် ပြည်သူများခရီးသွားလာပါကအထူးသတိထားရတ်ဒေသခံကာကွယ်ရေးတပ်များက သတိပေးထားသည်။

“ပြည်သူတို့ရဲ့ထောက်ပံ့မှု ကူညီမှုနှင့်အတူ ကျနော်တို့ အစွမ်းကုန်ကြိုးပြီး တိုက်ခိုက်နေပါတယ်။ စစ်အာဏာရှင်စနစ် ပြုတ်ကျသည်အထိ တိုက်ခိုက်သွားပါ့မယ်”ဟု ပုလော PDF မှ ရဲဘော်တစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook