Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်၍ စခန်းလက်လွှတ်ခဲ့ရဟု က​လေးခရိုင် PDF တပ်ရင်း(၄) အသိ​ပေး

စစ်ကောင်စီသည် တိုက်လေယာဥ်သုံးစင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း ၊ MI 35 ရဟတ်ယာဥ် နှစ်စင်းဖြင့် နာရီ၀က်ကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone များသုံး၍ အီနာဂါဗုံးသီးများဖြင့် တိုက်ခိုက်ခြင်း၊ခြေလျင် တပ်မှ အင်အား ၂၀၀ ခန့်ဖြင့်ထိုးစစ်ဆင်ခဲ့သည်ဟု ကလေးခရိုင် PDF တပ်ရင်း(၄)က ယနေ့ ညနေတွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက မြေပြင်အပြင် လေကြောင်းဖြင့်ပါ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ စခန်းအားလက်လွှတ်ခဲ့ရသော်လည်း ပြည်သူ့ကာကွယ် ရေးရဲဘော်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ကလေးခရိုင် PDF တပ်ရင်း(၄)က သတင်းအသိ​ပေးထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ကလေးခရိုင် ၊အမှတ် (၄) တပ်ရင်း၏ ခြေကုပ်စခန်းကို စစ်ကောင်စီက ယနေ့ (မေလ ၁၄ )နံနက် ၁၀နာရီခန့်မှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် တိုက်လေယာဥ်သုံးစင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း ၊ MI 35 ရဟတ်ယာဥ် နှစ်စင်းဖြင့် နာရီ၀က်ကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone များသုံး၍ အီနာဂါဗုံးသီးများဖြင့် တိုက်ခိုက်ခြင်း၊ခြေလျင် တပ်မှ အင်အား ၂၀၀ ခန့်ဖြင့်ထိုးစစ်ဆင်ခဲ့သည်ဟု ကလေးခရိုင် PDF တပ်ရင်း(၄)က ယနေ့ ညနေတွင် သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

” အင်အား ၂၀၀ ခန့်ရှိ ရန်သူစစ်ကောင်စီခြေလျင်တပ်အား ကျွန်ုပ်တို့ရဲဘော်များမှ ခုခံတိုက်ခိုက်ခဲ့ကြရာ ရန်သူ့ဖက်အသေအဆုံးရှိမည်ဟု ခန့်မှန်းရပြီး လက်နက်အင်အားကွာဟလွန်းသည့်အပြင် ကျည်အင် အား မလုံလောက်မှုကြောင့် စခန်းမှဆုတ်ခွာပေးခဲ့ရပါသည်” ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

” လေကြောင်းတိုက်ခိုက်မှုများကြောင့် ရဲဘော်အချို့ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ကျွန်ုပ်တို့ဖက်မှအကျအဆုံးမရှိခဲ့ပါ”ဟု လူထုအား အသိပေးသည်။

စစ်ကောင်စီတပ်သည် ကလေးခရိုင် PDF တပ်ရင်း(၄)ခြေကုပ်စခန်းမှ ပစ္စည်းများကို မီးရှို့ဖျက်ဆီးသွားပြီး လက်နက်အချို့ သိမ်းယူသွားသည်။ လက်လုပ်စိန်ပြောင်းငါးလက်၊ သေနတ်ကျည်ဆန် ၁၃၀၀ ကျော်၊ ခါးချိုးသေနတ် ငါးလက်၊ လက်လုပ်လက်ပစ်ဗုံး ၅၀၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၈၀ နှင့် ပျောက်ကျားယူနီဖောင်းနှင့် ကျည်ကာအကျီအချို့၊ ရိက္ခာနှင့်ဆေးဝါးများ သိမ်းဆည်းနိုင်ခဲ့သည်ဟု စစ်ကောင်စီ ​ထောက်တိုင် လူမှုကွန်ရက်စာမျက်နှာအချို့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ ​ထောက်တိုင် လူမှုကွန်ရက်စာမျက်နှာအချို့က ​ဖော်ပြထားသည့် အထက်ပါသတင်းအပေါ် ကလေးခရိုင် PDF တပ်ရင်း(၄) ရဲဘော်တစ်ဦးက ” လေယာဥ်နဲ့တောင်လာတိုက်တာ ဒါတွေရဖို့လားပြန်ရှာပြမယ်ကွ” ဟု မှတ်ချက်ပြု ပြောဆိုထားသည်။

ဆုံးရှုံးသွားသော လက်နက်များပြန်ဝယ်ယူနိူင်ရန်နှင့် ကျည်များ ဖြည့်တင်းနိုင်ရန် လှူဒါန်းပေးရန်လည်း တိုက်တွန်းထားသည်။ ပြည်သူများအနေဖြင့်လည်း ရကလေးခရိုင် PDF တပ်ရင်း(၄)ထံ လှူဒါန်းလိုပါက https://www.facebook.com/pdfkalaybn04/ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။