Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆိုင်ကယ်ဖြင့် ကင်းလှည့်​နေ​သော စစ်​ကောင်စီတပ်သားများအား ပဲခူးတိုင်း PDF တိုက်ခိုက်

မေလ ၁၅ရက် နေ့လယ် ၃နာရီခွဲခန့်တွင် ပြည်ခရိုင် ပေါင်းတည်မြို့နယ် ကြို့ပင်ကျေးရွာအုပ်စု သဖန်းကုန်း – တာပွန် လမ်းပိုင်း၌ ဆိုင်ကယ်သုံးစီးဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ်(၃၆၀၁)တပ်ခွဲ – ၃က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆိုင်ကယ်ဖြင့်ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်း PDFက သတင်းထုတ်ပြန်သည်။

မေလ ၁၅ရက် နေ့လယ် ၃နာရီခွဲခန့်တွင် ပြည်ခရိုင် ပေါင်းတည်မြို့နယ် ကြို့ပင်ကျေးရွာအုပ်စု သဖန်းကုန်း – တာပွန် လမ်းပိုင်း၌ ဆိုင်ကယ်သုံးစီးဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ်(၃၆၀၁)တပ်ခွဲ – ၃က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သားများ၏ ဆိုင်ကယ်အနီးသို့ ရုတ်တရက်ရောက်ရှိလာသော ပြည်သူနှစ်ဦးဒဏ်ရာအနည်းငယ်ရရှိခဲ့သောကြောင့် စိတ်မကောင်းကြောင်း နှင့် အနူးအညွှတ်တောင်းပန်ကြောင်း ပဲခူးတိုင်း PDF က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးပစ်မှတ် ၊ အုပ်ချုပ်ရေးပစ်မှတ် ၊ စီးပွားရေးပစ်မှတ်များအား ပြင်းထန်စွာတိုက်ခိုက်မည်ဟု သတင်းထုတ်ပြန်ထားပြီး ပြည်သူလူထုအနေဖြင့် စစ်ကောင်စီ၏ အဆိုပါ ပစ်မှတ်များနှင့် နီးကပ်စွာသွားလာလှုပ်ရှားနေထိုင်ခြင်းမျိုး မပြုရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။