Connect with us

Hi, what are you looking for?

LuduNwayOo

News

လောင်းလုံးမြို့နယ်တွင် စွန်ရဲအဖွဲ့စီးနင်းလာ​သောကားကို PDFနှစ်ဖွဲ့တိုက်ခိုက်

စွန်ရဲအဖွဲ့အမည်ခံ ပျူစောထီး ၈ယောက်ခန့်ပါဝင်သည့် VIGOကားကို ယနေ့ (မေ ၁၇ ရက်) နေ့လယ် ၁နာရီခွဲခန့်က လောင်းလုံမြို့နယ် လမ်းပိုင်းတနေရာတွင်( ပကဖ-လောင်းလုံး) နှင့် Dowei Defense Team – DDT တပ်ခွဲ (၃) ( ပ.ကဖ-ထား ဝယ် )တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စွန်ရဲကို အဂ်လိပ်ဘာသာဖြင့် kite ဟုဘာသာပြန်ထား​သော အကြမ်းဖက် စွန်ရဲအဖွဲ့အမှတ်တံဆိပ်

ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် ပန်းဒလဲရွာရှိ စွန်ရဲအဖွဲ့အမည်ခံ ပျူစောထီးအဖွဲ့စီးနင်းလာသော ကားကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ပ.က.ဖ – လောင်းလုံး )က သတင်းထုတ်ပြန်သည်။

စွန်ရဲအဖွဲ့အမည်ခံ ပျူစောထီး ၈ယောက်ခန့်ပါဝင်သည့် VIGOကားကို ယနေ့ (မေ ၁၇ ရက်) နေ့လယ် ၁နာရီခွဲခန့်က လောင်းလုံမြို့နယ် လမ်းပိုင်းတနေရာတွင်( ပကဖ-လောင်းလုံး) နှင့် Dowei Defense Team – DDT တပ်ခွဲ (၃) ( ပ.ကဖ-ထား ဝယ် )တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုသည် ၅ မိနစ်ခန့်ကြာမြင့်ပြီး ကားပေါ်တွင် ပါလာသည့် ပျူစောထီး တယောက် ခေါင်းစိုက်ပြုတ်ကျသွားသည်ကို တွေ့မြင်ရပြီး ထိခိုက် သေဆုံးမှုကို အတည်မပြုနိုင်ကြောင်း ပ.က.ဖ – လောင်းလုံးက အသိ​ပေးသည်။

ထိုတိုက်ခိုက်မှုသည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်သာသက်ဆိုင်ပြီး ကျေးရွာနေ ပြည်သူများနှင့် လုံးဝ မသက်ဆိုင်ကြောင်းလည်း ရှင်းလင်းအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုအနေဖြင့် ခရီးသွားလာပါက အကြမ်းဖက် စစ်ကောင်စီကားများ ၊ ပျူစောထီးကားများ နှင့် ဝေးဝေးက သွားပေးကြရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက သတိပေးထားသည်။

စွန်ရဲအဖွဲ့သည် ပျူ​စောထီးကဲ့သို့ပင် စစ်​ကောင်စီတပ်​နောက်ခံဖြင့် တနင်္သာရီတိုင်းအတွင်းရှိ NLDပါတီဝင်များ၊ PDF တပ်ဖွဲ့ဝင်များ၊ သပိတ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစုများကို ပစ်မှတ်ထား၍အကြမ်းဖက် သတ်ဖြတ်နေသည့် အဖွဲ့ဖြစ်သည်။ ထိုသို့အကြမ်းဖက်သတ်ဖြတ်​နေ​သော်လည်း စစ်​ကောင်စီ တပ်နှင့်ရဲတို့က အ​ရေးမယူဘဲလွှတ်​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။