Connect with us

Hi, what are you looking for?

News

လောင်းလုံးမြို့နယ်တွင် စွန်ရဲအဖွဲ့စီးနင်းလာ​သောကားကို PDFနှစ်ဖွဲ့တိုက်ခိုက်

စွန်ရဲအဖွဲ့အမည်ခံ ပျူစောထီး ၈ယောက်ခန့်ပါဝင်သည့် VIGOကားကို ယနေ့ (မေ ၁၇ ရက်) နေ့လယ် ၁နာရီခွဲခန့်က လောင်းလုံမြို့နယ် လမ်းပိုင်းတနေရာတွင်( ပကဖ-လောင်းလုံး) နှင့် Dowei Defense Team – DDT တပ်ခွဲ (၃) ( ပ.ကဖ-ထား ဝယ် )တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စွန်ရဲကို အဂ်လိပ်ဘာသာဖြင့် kite ဟုဘာသာပြန်ထား​သော အကြမ်းဖက် စွန်ရဲအဖွဲ့အမှတ်တံဆိပ်

ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် ပန်းဒလဲရွာရှိ စွန်ရဲအဖွဲ့အမည်ခံ ပျူစောထီးအဖွဲ့စီးနင်းလာသော ကားကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ပ.က.ဖ – လောင်းလုံး )က သတင်းထုတ်ပြန်သည်။

စွန်ရဲအဖွဲ့အမည်ခံ ပျူစောထီး ၈ယောက်ခန့်ပါဝင်သည့် VIGOကားကို ယနေ့ (မေ ၁၇ ရက်) နေ့လယ် ၁နာရီခွဲခန့်က လောင်းလုံမြို့နယ် လမ်းပိုင်းတနေရာတွင်( ပကဖ-လောင်းလုံး) နှင့် Dowei Defense Team – DDT တပ်ခွဲ (၃) ( ပ.ကဖ-ထား ဝယ် )တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုသည် ၅ မိနစ်ခန့်ကြာမြင့်ပြီး ကားပေါ်တွင် ပါလာသည့် ပျူစောထီး တယောက် ခေါင်းစိုက်ပြုတ်ကျသွားသည်ကို တွေ့မြင်ရပြီး ထိခိုက် သေဆုံးမှုကို အတည်မပြုနိုင်ကြောင်း ပ.က.ဖ – လောင်းလုံးက အသိ​ပေးသည်။

ထိုတိုက်ခိုက်မှုသည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်သာသက်ဆိုင်ပြီး ကျေးရွာနေ ပြည်သူများနှင့် လုံးဝ မသက်ဆိုင်ကြောင်းလည်း ရှင်းလင်းအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုအနေဖြင့် ခရီးသွားလာပါက အကြမ်းဖက် စစ်ကောင်စီကားများ ၊ ပျူစောထီးကားများ နှင့် ဝေးဝေးက သွားပေးကြရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက သတိပေးထားသည်။

စွန်ရဲအဖွဲ့သည် ပျူ​စောထီးကဲ့သို့ပင် စစ်​ကောင်စီတပ်​နောက်ခံဖြင့် တနင်္သာရီတိုင်းအတွင်းရှိ NLDပါတီဝင်များ၊ PDF တပ်ဖွဲ့ဝင်များ၊ သပိတ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစုများကို ပစ်မှတ်ထား၍အကြမ်းဖက် သတ်ဖြတ်နေသည့် အဖွဲ့ဖြစ်သည်။ ထိုသို့အကြမ်းဖက်သတ်ဖြတ်​နေ​သော်လည်း စစ်​ကောင်စီ တပ်နှင့်ရဲတို့က အ​ရေးမယူဘဲလွှတ်​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook