Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖယ်ခုံမြို့ ဆီးမီးလော့ရွာတိုက်ပွဲတွင် KNDF ရဲဘော်တစ်ဦးကျဆုံး

ကျဆုံးသွားသော သူရဲကောင်း အောင်ရွှေ အားအလေးနီပြုပြီးကျန်ရှိသော ရဲဘော်များမှ စစ်အာဏာရှင်ကို ဆက်လက်တွန်းလှန်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဖယ်ခုံမြို့အရှေ့ဘက်ကမ်းဒေသ၊ ဆီးမီးလော့ကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်း တိုက်ပွဲတွင် ရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိထားကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေး(KNDF)ဖယ်ခုံဇုန်က ထုတ်ပြန် သည်။

ယနေ့နံနက် ၇နာရီ ၁၅မိနစ်ခန့်ကစ၍ ထိတွေ့တိုက်ပွဲမှာ နေ့လယ် ၁နာရီ အချိန်အထိ အပြန်အ လှန်ပစ်ခတ်နေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း လွိုင်ကော်အမြောက်တပ်နှင့် (၄၂၂)တပ်ရင်းအတွင်းမှ လက်နက်ကြီးအဆက်မပြတ်ပစ်ကူပေးနေသည်ဟု ဆိုသည်။

တိုက်ပွဲတွင် KNDF-B03 တပ်ခွဲ(၄)မှ ရဲဘော်တစ်ဦး တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ပြီး ရဲဘော်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာနှင့်တစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာရှိခဲ့ကြောင်း အသိပေးသည်။

ကျဆုံးသွားသော သူရဲကောင်း အောင်ရွှေ အားအလေးနီပြုပြီးကျန်ရှိသော ရဲဘော်များမှ စစ်အာဏာရှင်ကို ဆက်လက်တွန်းလှန်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ယခုလ ၁၂ရက်က ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်တစ်ရက်တွင် စစ်ကောင်စီတပ် သည် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ ၊ဆောင်နန်းခဲရွာဖက်မှ စတင်စစ်ကြောင်းထိုးခဲ့သည်။

ထိုစစ်ကြောင်းကို (၁၀၀၈)တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း (၂) ၊ အင်းလေး PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆေးရေးအဖွဲ့၊ တပ်ရင်း (၁၀၀၅)၊ KNDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်နေသည်။

မေလ ၁၅ ရက်နှင့် ၁၆ရက်တိုက်ပွဲများ၌ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်အပါအဝင်ရှစ်ဦးထက်မနည်းသေဆုံးကာ PDFရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

အဆိုပါ တိုက်ပွဲများမှာပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီး​​​ဖြင့်ဆက်တိုက်ပစ်ကူခြင်း ၊တိုက်ဂျက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲခြင်း ၊ ဟယ်လီကော်ပတာဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။